မလေးရှားနိုင်ငံတွင် MGT စင်တာ ဖွင့်လှစ်

Friday, June 15, 20120 မှတ်ချက်များ

မလေးရှားနိုင်ငံမှာ Huawei Malaysia Global Training Center(MGT) ကို ယမန်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့

ပြည်ပမှာ သက်မွေးဝမ်းကျောင်းဆိုင်ရာ ကမ္ဘာ့လေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ဖို့ ရည်ရွက်ချက်အတွက် ပထမဆုံးအနေနဲ့ အခုလို မလေးရှားနိုင်ငံမှာ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံအတွင်းမှာ အခုလို MGT စင်တာဖွင့်လှစ်ဖို့ ရွေးချယ်လိုက်တာဟာ ဂုဏ်ယူဖွယ် ဖြစ်ကြောင်းနဲ့ ဒါဟာ တရုတ်နဲ့ မလေးရှားနှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာတာကို ပြသနေတဲ့ သင်္ကေတ တစ်ခုဖြစ်တယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောကြားခဲ့ပါ တယ်။

အဆိုပါ Huawei MGT စင်တာဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း Huawei နည်းပညာတွေကို တစ်ကမ္ဘာလုံးမှာ အသုံးပြုသူတွေအတွက် နောက်ဆုံး သတင်းအချက်အလက်တွေနဲ့ ICT နည်းပညာတွေကို ပို့ချပေးဖို့ ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ စင်တာဟာ နောက်လာမယ့် မျိုးဆက်သစ် ICT နည်းပညာတွေကို လေ့ကျင့်သင်ကြား ပေးရာနေရာ ဖြစ်လာစေဖို့နဲ့ အဲ့ဒီကနေ၀င်ငွေ မလေးရှား ရင်းဂစ် ၁.၂ဘီလီယံရရှိဖို့ မျှော်လင့်ကြောင်းလည်း သိရှိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger