HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု ရပ်တန့်ရန် နောက်ဆုံးပေါ် ကာကွယ်နည်းအဖြစ် အမျိုးသမီးများ ကတုံးတုံးကြရန်နှင့် ရေလျှော့ချိုးကြရန် အဆိုကို ဇင်ဘာဘွေ အထက်လွှတ်တော် အမတ်တစ်ဦးက ပါလီမန် အစည်းအဝေးတစ်ခုတွင် အကြံပြု တင်ပြလိုက်ကြောင်း သိရသည်။ အထက်လွှတ်တော်အမတ် Morgan Fenai က အစည်းအဝေးတွင် “အမျိုးသမီးများ၏ လှပမှု ဆွဲဆောင်အားကို အမျိုးသားများ မတွန်းလှန်နိုင်ခြင်းကြောင့် ယခုကဲ့သို့ HIV ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပေါ်နေရသည်ဟု ယုံကြည်ကြောင်း ၎င်း၏အမြင်ကို ပြောဆိုသည်။ သို့ဖြစ်၍ အမျိုးသမီးများ အနေဖြင့် HIV ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို ရပ်တန့်ရန် ကူညီသောအားဖြင့် ရေကို လျော့ချိုးခြင်း၊ ကတုံးတုံးခြင်းမျိုး ပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြသည်။ ယခုကဲ့သို့ Morgan ၏ အကြံပြုပြောဆိုချက် ထွက်ရှိလာပြီးနောက် ရာနှင့်ချီသော ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။ ဇင်ဘာဘွေ နိုင်ငံသည် မကြာသေးမီ ဆယ်စုနှစ်များကစ၍ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုကို အဓိက ခံစားလာခဲ့ကြရသည်။ နိုင်ငံလူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် အတူတကွ ပေါင်းသင်းနေထိုင်ခြင်းမှ တစ်ဆင့် ကူးစက်ခံနေကြကြောင်း သိရသည်။
@ Upper Myanmar Journal
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။