အင်တာနက်ရရှိရန် EVDO စနစ်ပါ ဆင်းကဒ် လဲလှယ်အသုံးပြုရမည့် CDMA 800 MHz

Friday, June 22, 20120 မှတ်ချက်များ



CDMA 800 MHz မိုဘိုင်းဖုန်းများ အင်တာနက်လိုင်းရရှိရန်အတွက် (EVDO)စနစ်ပါသည့် Sim Cardနှင့် လက်ရှိအသုံးပြုနေသည့် Sim Cardများအား လဲလှယ်အသုံးပြုရမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

                                                            

အင်တာနက်အသုံးပြုလိုသူသည် EVDO ‘Evolution, data only’ or ‘evolution, data Optimized’ စနစ် ပါဝင်သော Sim Card များအား လဲလှယ်သုံးစွဲရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ်က ညွှန်ကြားထားသည်။

“ အခုလို Sim Card လဲပေးတာကတော့ CDMA အင်တာနက်စနစ်ဖြစ်တဲ့ EVDO စနစ်ကို Sim Card အတွင်း ထည့်ပေးလိုက်တာပါ။ ဖုန်းနံပါတ်တော့ ပြောင်းသွားမှာ မဟုတ်ဘူး။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားမှုများအား ဇွန်လ (၁၂) ရက်နေ့က ပြန်လည်လျှောက်ထားခွင့် ပြုခဲ့ပြီး   မြန်မာ့ဆက်သွယ်ရေး ရုံးဖြစ်သည့် ပန်းဆိုးတန်း၊ အလုံနှင့် ရွှေဂုံတိုင် ရုံးများတွင် လျှောက်ထားနိုင်သည်။

လာရောက်လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ/ မူရင်း၊ Sim Card နှင့် ဖုန်းပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းများ ယူဆောင်လာရမည်ဖြစ်သည်။

“ အင်တာနက်အသုံးပြုမှုအတွက် ၀န်ဆောင်ခ ကျပ်တစ်သောင်း ပေးရမှာပါ။ Sim Card လဲလှယ်မှုကတော့ဝန်ဆောင်ခပေးစရာ မလိုဘူးလို့သိရတယ်။” ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ချိတ်ဆက်လုပ်ကိုင်နေသော Elite Tech မှတာဝန်ရှိသူ တစ်ဦးက   ပြောသည်။
CDMA 800 MHz မိုဘိုင်းအင်တာနက်သုံးစွဲခမှာ  တစ်မိနစ်လျှင် (၄) ကျပ် ကျသင့်မည် ဖြစ်ပြီး အင်တာနက် မြန်နှုန်းမှာ တစ်စက္ကန့်လျှင် (၁၀၀) ကီလိုဘိုက် နှုန်း ရရှိမည်ဖြစ်သည်။

“အရမ်းကောင်းတယ်ဗျ။ မြန်နှုန်းက တစ်စက္ကန့်ကို (၁၀၀) ကီလိုဘိုက်နှုန်းရရှိမှာ ဆိုတော့ အရမ်းကောင်းတဲ့ လိုင်းပေါ့။ ပြောပြီးမှ မရဘူး ဆိုရင်တော့ အလကားပါပဲ။” ဟု မင်္ဂလာဈေးတွင် မိုဘိုင်းဖုန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ကိုသက်ကိုက ပြောသည်။

 CDMA 800 MHz ဖုန်းများအတွက် EVDO စနစ်နှင့် အင်တာနက်အသုံးပြုခြင်းဖြစ်ပြီး GSM ဖုန်းဆင်းကဒ်များအတွက်မူ အင်တာနက်အသုံးပြုစနစ်မှာ  EDGEစနစ် ဖြစ်သည်။

လက်ရှိတွင် GSM ဖုန်းချထားမှုသည် CDMA 800 MHz ထက် ပိုများသောကြောင့် GSM အင်တာနက်လိုင်း သုံးစွဲသူဦးရေမှာ ပိုမိုများပြားလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် လက်ရှိ အချိန်အထိ GSMနှင့် CDMAဆင်းကဒ်ပေါင်း (၄)သိန်းဝန်းကျင်ချထားပြီးဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger