သတိထားဖွယ် ပွားသုံးနိုင်တဲ့ CDMA

Wednesday, June 20, 20120 မှတ်ချက်များ





CDMA ဖုန်းပိုင်ရှင်များ သတိထားပါ (လက်ဆင့်ကမ်းပေးကြပါ) လို့ ဖေ့စ်ဘုတ်ပေါ်က တွေ့ရလို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။




ပိုင်ရှင် မသိအောင် အလွယ်တကူ ဖုန်းပွားနိုင်သော စီဒီအမ်အေ ဟန်းဆက် အသစ် တစ်မျိုးဈေးကွက်သို့ ၀င်လာပါသည် ။သို့ဖြစ်ပါ၍ ဖုန်းအသုံးပြုသူများ သ တိ ထား ကြပါ ။ လက် ဆင့် ကမ်း ပေး ကြ ပါ....




ငါးသိန်းတန် စီဒီအမ်အေ တီလီဖုန်းများအား ဖုန်းပွား၍ သုံးစွဲနိုင်သော ဟန်းဆက် များ ဈေးကွက်သို့ ၀င်ရောက် လာကြောင်း ယင်းဖုန်းများကို အသုံးပြုနေသူများ အနေဖြင့် မိမိဖုန်းများကို သတိပြုကိုင်တွယ်ရန် လိုအပ်ကြောင်း ဖုန်းကျွမ်းကျင်သူ တစ်ဦးထံမှ သိရှိရပါသည်။




"အခု ရန်ကုန် ဖုန်းဈေးကွက်ထဲကို စီဒီအမ်အေ ကွန်ယက်မှာ ပွားသုံးလို့ ရနိုင်တဲ့ ဟန်းဆက်တစ်မျိုး ၀င်ရောက်လာပါတယ်။ ငါးသိန်းတန် စီဒီအမ်အေ ကွန်ယက်သုံး ဘယ်နံပါတ်ကို မဆို အလွယ်တကူ ကိုယ်တိုင် ပွား သုံးလို့ ရနိုင်ပါတယ်.. သူပွားပုံ နည်းစနစ်ကလည်း မူရင်း ဖုန်းပိုင်ရှင် ကိုယ်တိုင် အပွားခံထားရမှန်း မသိရလောက်အောင်ကို မျက်စိလည်ရတဲ့ စနစ်မျိုးပါ။




ဖုန်းဖန်ရှင် အတော်များများကို နားလည်ပြီး အသုံးပြုနေသူတွေတောင် မရိပ်မိ၊ မသိရှိနိုင်လောက်အောင် ဒီဖုန်း စနစ်က ကောင်းပါတယ်။ဖုန်းပွားနိုင်ဖို့ အတွက် မူရင်းကတ်ကို တစ်မိနစ်လောက် ရတာနဲ့ အလုပ်ဖြစ်သွားပါ တယ် "ဟုဖုန်းကျွမ်းကျင်သူကပြောသည်။






၎င်းဖုန်းပွားနိုင်သော ဟန်းဆက်များမှာ တရုတ်နိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်ပြီး ဘူးအပေါ်၌သာ (RU-EN) ဟူသော တံဆိပ်ပါဝင်ပြီး ဟန်းဆက်ကိုယ်ထည်ပေါ်တွင် မည်သည့် တံဆိပ်မှ ရိုက်နှိပ်ထားခြင်း မရှိကြောင်း သိရသည်။




အဆိုပါ ဟန်းဆက်ဖြင့် ဖုန်းပွားခံထားရသူများ အနေဖြင့် မိမိ၏ မူရင်း ဖုန်းမှ အထွက်ခေါ်ဆိုမှု ပြုလုပ်နေစဉ် အချိန်တွင် ပွား ထားသော ဖုန်းမှလည်း အထွက်ခေါ်ဆိုမှု ပြုလုပ်ပါက မူရင်း ဖုန်း၏ အထွက်ခေါ်ဆိုမှုမှာ ချက်ခြင်းပြုတ်ကျ ရပ်ဆိုင်း သွားမည် ဖြစ်ပြီး ဖုန်းကို ဘက်ထရီ မဖြုတ်မချင်း (သို့မဟုတ်) ပါဝါ မပိတ်မချင်း ပွားထားသော နံပါတ်ကို အသုံးပြုနိုင်ကြောင်း သိရသည်။




ထို့ကြောင့် 0949-----၊ 0973------၊ အစ ရှိသော စီဒီအမ်အေ ကွန်ယက်အမျိုးအစား ကို အသုံးပြုနေသူများ အနေဖြင့် မိမိတို့၏ ဖုန်းကတ်ကို အခြားသူအား ငှားရမ်းခြင်း၊ အလွယ်တကူထားခြင်း၊ ဂရုတစိုက် အသုံးပြုခြင်း၊ မိမိ အသုံးပြုမှု နှင့် ဖုန်းခေါ်ဆိုခ (ဖုန်းဘေလ်) ကျသင့်မှုတို့အား မပြတ်ကြည့်ထားခြင်း စသည်တို့အား သတိပြု ထားရန် လိုအပ်ကြောင်း သိရ သည်။




By- Aung Moe Win's facebook

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger