အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့(၆၇) နှစ်မြောက် မွေးနေ့မှာ မုံရွာမြို့ နယ် NLD အဖွဲ့ဝင်တွေရဲ့ ဦးဆောင်မှုနဲ့  ပြည်သူလူထုပါဝင်ပြီး သလ္လာရပ်ကွက် မှာ ပြည်သူ့ စေတနာ အခမဲ့ဆေးခန်းကို မနေ့က ဖွင့်လှစ်လိုက်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကုသိုလ်အဖြစ် NLD အဖွဲ့ ဝင်တွေက အရုဏ်ဆွမ်း လောင်းလှူပြီး နေ့လည်ပိုင်းမှာ ပြည်သူ့စေတနာ အခမဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ဆေးခန်းကို ကဗျာရွတ်ပွဲနဲ့ ဖွင့်လှစ်ခဲ့ရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ဆိုတဲ့ ကဗျာကို ကိုနေငယ် (မုံရွာ) က ရွတ်ဆိုပြီး ၆၇ နှစ်သော ခရီးရှည် ကဗျာကို ကဗျာဆရာ အောင်နေမျိုးက ရွတ်ဆိုခဲ့ပါတယ်။
ဆေးခန်းဖွင့်ပွဲကို ဧည့်ပရိတ်သတ် (၁၀၀) ကျော် တက်ရောက်ခဲ့ ကြပါတယ်။ ပြည်သူ့စေတနာ ဆေးခန်းကို ဆရာဝန် (၁၇) ဦးနဲ့  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။