မောင်တောအခြေအနေ ပုံမှန်မရောက်သေး

Sunday, June 24, 20120 မှတ်ချက်များ


ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဘူးသီးတောင်-မောင်တော ရေကြီးချိန်က ရရှိထားပြီး မြို့နယ်အုပ်ချုပ်ရေး
ရုံးမှာ အသင့် ရှိနေတဲ့ ရွက်ဖျင်တဲတွေ လုပ်ပေးပြီး သန်သန်မာမာ
ယောက်ျားတွေကို အိုးခွက်ပန်းကန်တွေပါ ပေးပြီး နေရာပြန်ချထားပေးတာ
လို့ မောင်တောမြို့က လူမှုရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်

နေရာပြန်ချထားရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတာတွေ့ရကြောင်း၊
အေးချမ်းတည်ငြိမ်နေပြီပြောပေမဲ့ အခြေအနေတွေ ပုံမှန် မဖြစ်သေးကြောင်း၊ စစ်တပ်ချမထားတဲ့အတွက် မနေရဲကြသေးကြောင်း သူက ပြောပါတယ်။

မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားနဲ့ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းက လူဦးရေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ရခိုင်ကျေးရွာတွေနဲ့ အာဏာပိုင်တွေ အစီအစဉ်နဲ့ ပြည်မက လူတွေကို နေရာချထားပေးတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့
ဒေသခံတွေက ပြောပါတယ်။

ရပ်ရွာဖျက်ဆီးခံရလို့ ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို မောင်တောမြို့ ဗဟိုကျောင်းတိုက်၊ ပရဟိတ အလိုတော်ပြည့် ကျောင်းတိုက်၊
အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း၊ လေးမိုင် လုံထိန်း ရဲတပ်ရင်းနဲ့ ကျောင်းတွေမှာ နေရာချထားပေးပါတယ်။

တောင်ကုတ်မြို့ လူထုက မော်တော်နဲ့ ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒီနေ့ လက်ခံရရှိတဲ့ အကြောင်း၊ အလှူရှင်တွေဆီက ရရှိတာတွေကို အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ သာမက မီးလောင်မှုမှာ မပါဝင်တဲ့ မောင်တော မြောက်ပိုင်းက ဒေသခံတွေကိုလည်း လှူဒါန်းတဲ့ အကြောင်းလည်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေက
ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ နယ်စပ်အခြေစိုက် ကုလားတန်သတင်းဌာနက
မောင်တောနဲ့ နယ်စပ်ဒေသ နယ်မြေတွေမှာ အစွန်းရောက် ရခိုင်
လူမျိုးတွေနဲ့ အတူ နစက နဲ့လုံခြုံရေးတပ်ဖွဲ့ တချို့က ရိုဟင်ဂျာ ဘင်ဂါလီလူမျိုးတွေကို တရားမဲ့ ဖမ်းဆီး နှိပ်စက်တာတွေ၊ တချို့ ရွာတွေမှာ မုဒိန်းမှု ကျူးလွန်တာတွေ ဖြစ်ပွါးနေတယ်လို့  ရေးသား ဖေါ်ပြထားပါတယ်။



RFA Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger