အာဖရိက ဆာဟယ်လ်ဒေသတွင် လူခြောက်သန်းကျော် အငတ်ဘေး ရင်ဆိုင်နေရ

Friday, June 8, 20120 မှတ်ချက်များ





အာဖရိကရှိ ဆာဟယ်လ်(Sahel) ဒေသတွင် ကလေးတစ်သန်းကျော် အပါအ၀င် လူခြောက်သန်းကျော်မှာ အငတ်ဘေးအန္တရာယ် ကြုံနေရကြောင်း အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အသိုက်အ၀န်း (ECOWAS) က ဇွန်လ ၅ ရက်တွင် နိုင်ငံတကာထံ အကူအညီ တောင်းခဲ့သည်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီး ယင်းကဲ့သို့ အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ဆီနီဂေါ၊ Mauritania၊ မာလီ၊ ဘာကီ နာဖာဆို၊ နိုင်ဂျာနှင့်ချဒ်တို့တွင် အငတ်ဘေး ဆိုးရွားနေကြောင်း သိရသည်။

ဆာဟယ်လ်ဒေသ အခြေအနေမှာ ဆိုးရွားနေပြီး တုံ့ပြန်မှုမရှိပါက လူသန်းပေါင်းများစွာ ငတ်ပြီးသေသွားနိုင်ကြောင်း နိုင်ဂျာစားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ ၀န်ကြီး Amadou Diallo က ပြောကြားခဲ့သည်။ မိုးခေါင်မှု ပျံ့နှံ့ခြင်း၊ စားနပ်ရိက္ခာ ဈေးကြီးမြင့်ခြင်း၊ ရာသီဥတုဆိုးရွားခြင်းတို့ကြောင့် ယင်းကဲ့သို့ အခြေအနေ ဆိုးခြင်းဖြစ်ကြောင်း Diallo က ပြောကြားခဲ့သည်။ အရေးပေါ် ရန်ပုံငွေအဖြစ် ECOWAS က ဒေါ်လာသန်း ၈၀ ထုတ်ပေးခဲ့ပြီး အမှန်တကယ် လိုအပ်မှုမှာ ဒေါ်လာသန်း ၈၀၀ နီးပါးဖြစ်ကြောင်း သိရသည်။
Ref:CNN
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger