ဧရာဝတီတိုင်းအတွင်းတွင်ရှိသော တရားမ၀င်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား တရားဝင်လိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးဌာနမှကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ ပါတယ်။
(၁) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားမ၀င်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား (၅-၆-၂၀၁၂) ရက်နေ့မှ (၄-၁၀-၂၀၁၂) ရက်နေ့အထိ တရားဝင်လိုင်စင်ထုတ်ပေးခြင်းများကို (One Stop Service) ဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
(၂) တရားဝင်လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုအစိုးရ ရုံးဖွင့်ရက်များတွင်နေ့စဉ် နံနက် (၉း၀၀) နာရီမှ ညနေ (၄) နာရီခွဲအထိလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေလက်ခံချိန်အား ညနေ (၃း၀၀) နာရီအချိန်အထိလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
(၃) ရှေးဦးစွာ ခရိုင်မြို့ကြီးများဖြစ်သည့် ပုသိမ်မြို့တွင် ကိုးသိန်းအားကစားကွင်း (ဘောလုံးအကယ်ဒမီသင်တန်းကျောင်းဝင်း) တွင်လည်းကောင်း၊ ဟင်္သာတမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးဝင်းတွင်လည်းကောင်း၊ မအူပင်မြို့တွင် မြို့နယ်သာသနာ့ဗိမာန်တော်ကြီးအတွင်းတွင်လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။
(၄) ကျန်ခရိုင်မြို့ကြီးများဖြစ်သည့် ဖျာပုံ၊ မြောင်းမြနှင့် လပွတ္တာမြို့များတွင်လည်း စီမံချက်ကာလအတွင်းအမြန်ဆုံးလာရောက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
(၅) မော်တော်ဆိုင်ကယ်အမျိုးအစားအလိုက် ပေးဆောင်ရမည့်အခွန်အခ၊ အာမခံပရီမီယံကြေး၊ ယာဉ်မှတ်ပုံတင်ကြေး နှင့် ဘဏ်ဆောင်ရွက်ခများကို သက်ဆိုင်ရာလိုင်စင်ပြုလုပ်ပေးမည့် နေရာများတွင် လည်းကောင်း၊သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများ၊ ပြည်တွင်းအခွန်များဦးစီးဌနရုံးများ၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် စုံစမ်းကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေငြာခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတွင်မော်တော်ဆိုင်ကယ်များ တရားဝင်လိုင်စင်ထုတ်ပေးမည်ကြေငြာ
Monday, June 4, 20120 မှတ်ချက်များ
Labels:
ပြည်တွင်းသတင်း
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။