ပြင်သစ်နှင့် အီတလီတို့မှ ဂရိနိုင်ငံကို ဥရောပဇုန်အတွင်း ဆက်လက် တည်ရှိစေချင်ကြ

Saturday, June 16, 20120 မှတ်ချက်များ

ပြင်သစ်အစိုးရနဲ့ အီတလီအစိုးရတို့ဟာ ၎င်းတို့အနေနဲ့ ဂရိနိုင်ငံကို ခြိုးခြံချွေတာရေး စီမံချက်တွေ ဆက်လက် ထိန်းသိမ်းစေလိုပြီး ဥရောပဇုန် အတွင်းမှာပဲ

ဆက်လက် ရှိနေစေချင်ကြောင်း ထပ်မံအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟိုလွန်းဟာ အီတလီနိုင်ငံ ရောမမြို့ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က အလည်အပတ် ရောက်ရှိခဲ့ပြီး အီတလီဝန်ကြီးချုပ် မာရီယို မွန်တီ နဲ့ တွေ့ ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံပြီးနောက် အီတလီဝန်ကြီးချုပ်က ဂရိနိုင်ငံဟာ ၎င်းရဲ့ ဘဏ္ဍာရေးပြန်လည် တည်ဆောက်ဖို့နဲ့ ဥရောပဇုန်အတွင်း ဆက်ရှိနေဖို့ ကတိကို စောင့်ထိန်းဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြင်သစ် သမ္မတကလည်း ဥရောပကြွေးမြီ အကြပ်အတည်း ဖြေရှင်းဖို့ ၎င်းရဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး ဥရောပ ကောင်စီဥက္ကဌ ဟာမန် ဗန် ရွမ်ပိုင်းကို ပြောကြားလိုက်ပြီလို့ ပြောပါတယ်။ အဲဒီအဆိုပြုချက်တွေထဲမှာ ဘဏ္ဍာရေး ပြန်လည် တည်ဆောက်ဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘဏ္ဍာရေး မူဝါဒတွေကို လိုက်လျောညီထွေ အောင်စီရင်ပြီး ဥရောပ ဇုန်နိုင်ငံများအကြား စည်းလုံးမှု ပိုမိုလေးနက်လာရေးနဲ့ စပ်လျဉ်းတာတွေ ပါဝင်ပါတယ်။ ဂရိနိုင်ငံမှာ ရွေးကောက်ပွဲသစ်ကို အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger