မောင်တော အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ

Sunday, June 10, 20120 မှတ်ချက်များ

ဇွန်လ (၁၀)
မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း  အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

မောင်တောနှင့် အလယ်သံကျော်ကျေးရွာအကြား တံတားကိုလည်း ယခုရက်ပိုင်း အကြမ်းဖက်မှုများပေါ်ပေါက်ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သူများက ဖျက်ဆီးထားကြသည်ဟု မောင်တောမြို့ခံက ပြောသည်။

ယင်းရဲစခန်းအတွင်း ခိုလှုံနေသည့် နတလ ကျေးရွာများနေ ဗမာလူမျိုးများနှင့် ရခိုင်လူမျိုးများ ခိုလှုံနေသဖြင့် ၎င်းတို့၏ အခြေအနေကိုလည်း စိုးရိမ်လျှက်ရှိကြသည်။

နတလ ကျေးရွာများဆိုသည်မှာ ဦးခင်ညွှန့်လက်ထက်တွင် ရန်ကုန်နှင့် အခြားမြို့များမှ ဘင်္ဂါလားဒေ့ရှ် နယ်စပ်တွင် သွားရောက် အခြေစိုက်စေခဲ့သည့် ဗမာကျေးရွာများဖြစ်သည်။

အလယ်သံကျော်ကျေးရွာမှာ မောင်တောမြို့မှ ဆိုင်ကယ်ဖြင့် ၁ နာရီသာသာမောင်းနှင်ရသည့် အကွာအဝေးတွင်ရှိကာ ၁၉၅၁ ခုနှစ် ရိုဟင်ဂျာ ဘင်္ဂါလီများ၏ အလယ်သံကျော်ညီလာခံကြောင့် ထင်ရှားသည့် ကျေးရွာလည်း ဖြစ်သည်။ ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများက ထိုညီလာခံမှဆုံးဖြတ် တောင်းဆိုရာတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့ကို ၎င်းတို့အား အုပ်ချုပ်ခွင့်ပေးရန်နှင့် စစ်တွေမြို့ကို ရခိုင်နှင့် တလှည့်စီအုပ်ချုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။       ။

by Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger