ဖိလစ်ပိုင်နိုင်ငံတွင် ပထမဆုံး ယူနစ်ကလို ကုမ္ပဏီ ဆိုင်သစ်ဖွင့်လှစ်

Saturday, June 16, 20120 မှတ်ချက်များ

ဂျပန်အခြေစိုက် ထိပ်တန်း အ၀တ်အထည် လက်လီအရောင်းလုပ်ငန်း ယူနစ်ကလိုက အရှေ့တောင်အာရှမှာ ၎င်းရဲ့စီးပွားရေးကို ချဲ့ထွင်တဲ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ

ပထမဆုံး အရောင်း ဆိုင်ခွဲ ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ယူနစ်ကလို အရောင်းဆိုင်ကို ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ ဈေးဝယ်စင်တာ တစ်ခုမှာ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ဆိုင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် တီရှပ်၊ ဂျင်းန်နဲ့ တခြားအ၀တ်အထည်တွေကို အထူးဈေးနှုန်းနဲ့ ရောင်းချခဲ့ရာ ဖွင့်ပွဲမတိုင်ခင် ဈေးဝယ်သူ ၈၀၀ခန့်က ဆိုင်ရှေ့မှာ တန်းစီစောင့်ဆိုင်း နေခဲ့ကြတယ်လို့ သိရပါတယ်။

ယူနစ်ကလို ကုမ္ပဏီဟာ ဂျပန်နိုင်ငံပြင်ပမှာ တစ်နှစ်ကို ဆိုင်ခွဲ ၂၀၀ကနေ ၃၀၀အထိ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ယူနစ်ကလို ကုမ္ပဏီအနေနဲ့ အရှေ့တောင် အာရှဒေသအတွင်း ဆိုင်ခွဲဖွင့်လှစ်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်ပါ တယ်။ ဒီ့မတိုင်ခင် ၂၀၁၁ခုနှစ်ကတော့ ထိုင်းနိုင်ငံမှာ အရောင်းဆိုင် ၁ဆိုင် ဖွင့်လှစ်ခဲ့ပါတယ်။ အခုလို ဖိလစ်ပိုင်နိုင်ငံမှာ ဆိုင်သစ် ဖွင့်လှစ်ခဲ့ပြီးနောက်မှာတော့ ယူနစ်ကလို ကုမ္ပဏီက အင်ဒိုနီးရှားနဲ့ ဗီယက်နမ် ဈေးကွက်တွေကိုပါ ထိုးဖောက် ၀င်ရောက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger