မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ပျောက်ဆုံးပါက ပြည်ပတွင် ပျောက်ဆုံးမှုအတွက် အမေရိကန် ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းအတွက် ကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်

Thursday, June 21, 20120 မှတ်ချက်များ

5124
ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး
မြန်မာနိုင်ငံကူး လက်မှတ် စာအုပ်(Passport) ပျောက်ဆုံးပါက ပြည်ပတွင်ပျောက်ဆုံးခြင်းအတွက် ပြည်ပပျောက်ဒဏ်ကြေး အမေရိကန် ဒေါ်လာ ၃၀၀ နှင့် ပြည်တွင်းတွင် ပျောက်ဆုံးခြင်းအတွက် ပြည်တွင်းပျောက် ဒဏ်ကြေးကျပ် ၄၀၀၀၀ ပေးဆောင်၍ ပြန်လည်လျှောက် ထားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရာတွင် ပြည်ပတွင် ပျောက်ဆုံးခဲ့ပါက ဒဏ်ကြေးအမေရိကန်ဒေါ်လာ ၃၀၀ ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် သွင်း၍ လျှောက်ထားနိုင်ပြီး ပြည်တွင်းတွင်ပျောက်ဆုံးခဲ့ပါက ပတ်စ်ပို့ပျောက်ဆုံးကြောင်း သတင်းစာတွင် ကြော်ငြာပြီး တစ်လပြည့်သည့် အချိန်တွင်ကြော်ငြာပါသည့် သတင်းစာ မူရင်းနှင့်အတူ ပြည်တွင်းပျောက်ဒဏ် ကြေးပေးဆောင်၍ ပြန်လည်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရာတွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ပုံမှန်မြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားသူများအား တစ်လအစား ၂၁ ရက်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှစ၍ အလုပ်သမားနိုင်ငံကူးလက်မှတ် သက်တမ်းအား ယခင်သုံးနှစ်မှ လေးနှစ်သတ်မှတ်ထုတ်ပေးခြင်း၊ သင်္ဘောသားနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှုများအား ယခင်တစ်လ မှနှစ်ပတ်ဖြင့်ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသစ် နိုင်ငံကူးလက်မှတ်များအား သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထား သူများကဲ့သို့ ၂၁ ရက်ဖြင့် ထုတ်ပေးခြင်း၊ သင်္ဘောသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့်ပြည်ပသို့ သွားရောက်ရန် ရှိပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသား အလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ၏ ခွင့်ပြုချက်ဖြင့်သာပြည်ပသို့ သွားရောက်ခွင့်ပြုခြင်း၊ ခွင့်ပြုကာလကျော်လွန်နေသူများအား  Black List စာရင်းသွင်း၍ အရေးယူရန်အတွက် သင်္ဘောသား အလုပ်အကိုင်ကြီးကြပ် ရေးဌာနမှကြပ်မတ်၍ အမည်စာရင်း အား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ တင်ပြခြင်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။
လက်ရှိကာလတွင် နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူများမှာ ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်လျှောက်ထားနေရပြီး မကြာမီလများအတွင်း အထက်မြန်မာပြည်အတွက် မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်အထိ  နိုင်ငံကူး လက်မှတ်ထုတ်ပေးမှုမှာ အမျိုးသား ၃၄၉၄၅ ဦးနှင့် အမျိုးသမီး ၂၅၀၁၉ ဦးဖြစ်ပြီး စုစုပေါင်း  ၅၉၉၆၄ ဦး ဖြစ်ကြောင်း သိရှိရပါသည်။       
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger