စင်ကာပူစတိုင် ကြက်ဥခေါက်ဆွဲကြော် (မ၀တ်ရည်)

Sunday, June 17, 20120 မှတ်ချက်များ



စင်ကာပူ စတိုင် ကြက်ဥခေါက်ဆွဲကြော်လေးပါ။ ၀က်သား၊ ပင်လယ်စာ၊ တရုတ်မုန့်ညှင်း အစုံအလင်ပါပြီ ချက်ရတာလည်း လွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ရအောင်…
ပါဝင်ပစ္စည်များ
  • ကြက်ဥခေါက်ဆွဲ – ၃၀၀ ဂရမ်
  • ပုဇွန်ကျား – ၁၀၀ ဂရမ် (အခွံနွှာပြီ အမြှီးချန်ထားပါ)
  • ၀က်သား -  ၁၀၀ ဂရမ် (အရှည်ပါးပါးလှီးပါ)


  • ဂဏန်းချောင်း – ရချောင်း (အစောင်း လှီးပါ)
  • တရုတ်မုန့်ညှင်း – ၁စည်း (၁လက်မအရွယ် ပိုင်းပေးပါ)
  • မုန်လာဥနီ – ၁ခု (အရှည်လှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ထို့နောက် ၀က်သား၊ ပုဇွန်ကျား တို့ကို ထည့်မွှေပေးပါ။
၃။ အသားနူအောင် ရေ(၁၀၀ မီလီလီတာ) ထည့်ပေးပြီ ရေအနည်းကျန်မှ ဂဏန်းချောင်းများကို ထည့်လိုက်ပါ။

၎။ ထို့နောက် ခေါက်ဆွဲ၊ မုန့်ညှင်း၊ မုန်လာဥနီ၊ ပဲငံပြာရည်တို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ အရသာ အပေါ့အငံ့ အနေတော်လျှင် ငရုတ်ကောင်းမှုန့်၊ နံနံပင်ဖြူးပေးကာ ကြက်ဥခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပါပြီ…
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger