ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမည်

Wednesday, June 13, 20120 မှတ်ချက်များ


ဒေါ်အောင်ဆန်းစုကြည် ၁၈ ရက်ကြာ ဥရောပခရီးစဉ် စတင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပ ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၉း၄၅ နာရီအချိန်မှာ ထိုင်းအဲယားဝေး (TG) လေယာဉ်ဖြင့် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဦးစွာ သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေ တဆင့် နော်ဝေနိုင်ငံ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ပြင်သစ်နိုင်ငံတို့ကို ၁၈ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်ပြည့် မွေးနေ့ကို မိသားစုနဲ့အတူ ဗြိတိန်နိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာတင်မာမြင့်၊ ဦးခွန်သာမြင့်၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးနေခြည်ဝင်းတို့ လိုက်ပါသွားတယ်လို့ သတင်းရရှိပါသည်။
Burma VJ Media Network
ယနေ့ ရန်ကုန်လေဆိပ်မှာ သတင်းထောက်များနှင့် အတူတွေ့ ရစဉ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger