နူကလီးယား အစီအစဉ်အားလုံး ဖျက်သိမ်းထားကြောင်း မြန်မာကာကွယ်ရေးဝန်ကြီးပြော

Tuesday, June 5, 20120 မှတ်ချက်များ

မြန်မာအစိုးရရဲ့ နူကလီယား သုတေသန အစီအစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးဆိုင်ရာ ညီလာခံမှာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက စကားပြန်ကနေတဆင့် ရှင်းလင်းပြောခဲ့တာပါ။ မြန်မာအစိုးရဟာ မြောက်ကိုရီးယား ရဲ့ အကူအညီနဲ့ နူကလီးယား လက်နက်တည်ဆောက်ဖို့ နည်းပညာ အကူအညီ ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနIISSက မြန်မာကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်သလို တစ်ချိန်တည်းမှာလည်း နူကလီးယား လက်နက်အစီအစဉ် လုံးဝ ကင်းရှင်းကြောင်း သက်သေပြနိုင်ဖို့အတွက် နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ အိုင်အေအီအေ ရဲ့ စစ်ဆေးမှုကို ခံယူဖို့ လိုအပ်ကြောင်း IISS အဖွဲ့ရဲ့ နူကလီးယား လက်နက်မပြန့်ပွားရေး နဲ့ ထိမ်းချုပ်ရေး ဆိုင်ရာဒါရိုက်တာ Mr. Mark Fitzpatrick က ပြောပါတယ်။

အိုင်အေအီးအေ အဖွဲ့ရဲ့ တာဝန်ဟာ မြန်မာအစိုးရမှာ စစ်ရေးဆိုင်ရာ နူကလီးယားအစီအစဉ်မရှိဘူးဆိုတာကိုစစ်ဆေးပြီးတင်ပြဖို့ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အိုင်အေအီးအေ အဖွဲ့ရဲ့ စစ်ဆေးမှုကို လက်ခံဖို့ရှိပါသလားလို့ မေးရာမှာ မြန်မာကာကွယ်ရေးဝန်ကြီး အနေနဲ့ သဘောမပေါက်တာလား၊ ဒါမှမဟုတ် အိုင်အေအီးအေ အဖွဲ့ရဲ့ စစ်ဆေးမှုကို လက်မခံလိုတာကြောင့်လား တော့မသိဘူး။ မိမိတို့မှာ နူကလီးယားအစီအစဉ်မရှိတဲ့အတွက်ဘာမှအတည်ပြုစရာအကြောင်းမရှိဘူး၊ အိုင်အေအီးအေလည်း လာရောက် စစ်ဆေးစရာမလိုပါဘူးလို့ မိမိမေးတဲ့ မေးခွန်းကို ပြန်လည် ဖြေကြား ခဲ့ကြောင်း IISS အဖွဲ့က မစ္စတာ Mark Fitzpatrick က ပြောပါတယ်။

မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ်ရာနှုန်းပြည့် ထောက်ခံပြီး၊အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက အဲဒီ အစည်းအဝေးမှာ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး LeonPanettaကလည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်သွားမယ် ဆိုရင် အမေရိကန် အနေနဲ့  မြန်မာနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဒီညီလာခံမှာ ပြောဆိုသွားပါတယ်။

အာရှလုံခြုံရေးဆိုင်ရာ ညီလာခံကို နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနကကြီးမှူးပြုလုပ်တာ ဖြစ်ပြီး နိုင်ငံပေါင်း၂၇ နိုင်ငံကကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

RFA-Burmese 

http://www.4mmnews.co.cc/

တာဝန်ခံ

အောင်လေး

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger