ပေါက် ခဲ့ ပြီး နောက် ကုလ သမဂ္ဂ ရဲ့  လေ့လာ စောင့်ကြည့် ရေး အဖွဲ့  ကို ပစ်မှတ် ထား တဲ့ တိုက်
ခိုက် မှု တွေ ပါ ပေါ် ပေါက်ခဲ့ တယ် လို့  CNN သတင်း မှာ ဖော် ပြ ထား ပါတယ်။
ကုလ လေ့လာ စောင့် ကြည့် ရေး အဖွဲ့  ခေါင်းဆောင် ရောဘတ် ဗိုလ်မှုးချုပ် ရောဘတ် မုဒ် က
တော့ မနေ့  က လူ ၇၀ ကျော် အစုလိုက် အပြုံ လိုက် သတ်ခံ ရတဲ့ အယ်(လ) ကျူဘဲ ရွာ အနီး ကို
သွားရောက် စေးဆေး စစ်မှာ ချောင်းမြောင်း ပစ်ခတ် မှု တွေ ရှိခဲ့ တာ လို့  ဆို ပါတယ်။
ကုလ လေ့လာ စောင့် ကြည့် ရေး အဖွဲ့  ဟာ လက်နက် ကိုင်ဆောင်ထား ခြင်းမရှိ ပါဘူး ။
လတ်တလော သတ်ဖြတ်မှု တွေ မှာ ဆီးရီးယား အစိုးရ ကို လိုလား တဲ့ ရှဘီဟာ လက်နက်ကိုင်
အဖွဲ့  က အဓိက နေရာ ကနေ ပါဝင်ပြီး တစ်ပတ် အတွင်း ပေါ် ပေါက်ခဲ့ တဲ့ လူ ရာချီ သေဆုံး တဲ့
သတ်ဖြတ်မှု နှစ် ခု မှာ ရှဘီဟာ အဖွဲ့  ဟာ အမျိုးသမီး နဲ့  ကလေး ငယ်တွေ ကို ပါ သတ်ဖြတ် ခဲ့
တယ် လို့  ဆီးရီးယား အတိုက် အခံ တွေ ရဲ့  ပြောဆို ချက် တွေ ကို ကိုကား ပြီး သတင်း တွေ မှာ
ဖော်ပြထား ပါတယ်။
ကုလ လေ့လာစောင့်ကြည့် ရေး အဖွဲ့  ကို သတ်ဖြတ်မှု ဖြစ်ပွား ခဲ့ တဲ့ နေရာ တွေ ကို သွား ရောက် ခွင့်
မပေးတာကြောင့် အာဆဒ် အစိုးရ အဖွဲ့  ကို ထပ်မံ အရေးယူ နိုင်မယ့် နီးလမ်း တွေ ကို ကုလ သမဂ္ဂ
အထွေထွေ ညီလာခံ မှာ တင်သွင်း ဖို့  ရှိတယ် လို့  ဆီးရီယား အရေး နဲ့  ပတ်သက် ပြီး ကုလ ဖြန်
ဖျေ ညိနှုင်းရေး အကြီး အကဲ အဖြစ်တာ ၀န် ထမ်းဆောင် နေတဲ့ ကိုဖီအန်နန် က ပြောပါတယ်။
ကုလ သမဂ္ဂ ဆိုင်ရာ ဆီးရီယား သံအမတ်ကြီး ဘာရှား ဂျာဖာရီက တော့ အစုလိုက် အပြုံ လိုက် သတ်
ဖြတ်မှု တွေ ရဲ့  အဓိက တရားခံ တွေ ဟာ အစိုးရ ဆန့် ကျင် နေတဲ့ အကြမ်းဖက် လက်နက် ကိုင် အုပ်
စု တွေ လို့  ဆိုပါတယ်။
အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ဆီးရီးယား သမ္မတ ဘာရှား အယ်(လ)အာ
ဆဒ် ဟာ နိုင်ငံ ကို နိုင်နိုင် နင်းနင်း ထိမ်းသိမ်း နိုင်စွမ်း မရှိ တော့ လို့  သမ္မတ ရာထူး ကနေ ထွက် ပေး
ဖို့  တောင်း ဆိုထား ပါတယ်။
ရုရှား နိုင်ငံ နဲ့  တရုတ် နိုင်ငံ ကတော့ ဆီးရီးယား ကို ၀င်ရောက် စွက်ဖက်တာ လက်မခံ ဘူး ဆိုပေမယ့်
ယီမင် နိုင်ငံ လို အာဏာလွှဲပြောင်း ရေး အပြောင်း အလဲ လုပ်မယ် ဆို ရင် ကျော်ထောက်နောက်ခံ ပြု
ပေးမယ် လို့  ဆိုပါတယ်။
Photo : UN News Center

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။