အကြမ်းဖက်ဆူပူသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်ခြင်းမရှိသေး

Tuesday, June 12, 20120 မှတ်ချက်များ


အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသော စစ်တွေမြို့ တွင် ဇွန်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က အဓိက လမ်းမကြီး တစ်ခုအား တွေ့မြင်ရစဉ်။
ရန်ကုန်၊ ဇွန် ၁၂

ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ဘင်္ဂါလီ ဆူပူအကြမ်းဖက်သူများက သေနတ်များဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိနေသည့်တိုင်အောင် ပြန်လည်ပစ်ခတ်ခြင်းမရှိသေးကြောင်း စစ်တွေမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်ထံ ဆက်သွယ်မေးမြန်းချက်အရသိရသည်။

ယင်းသို့ ဘင်္ဂါလီများက သေနတ်များဖြင့် ပစ်ခတ် နေသော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာ ပြန်လည် ခုခံပိုင်ခွင့်မရှိဘဲ သေနတ်များကို အပေါ်သို့သာ ထောင်ပစ် နေရကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင်း တပ်မတော်သား တစ်ဦးမှာ ဒါဏ်ရာ အပြင်းအထန် ရရှိကာ စစ်တွေမြို့  ပြည်သူ့ ဆေးရုံကြီးသို့ အမြန် ပို့ဆောင်လိုက်ရပြီး ၊ ဒါဏ်ရာရသူ ရခိုင် တိုင်းရင်းသား များစွာ ရှိကြောင်း ဒေသခံများက ပြောကြားသည်။

ရခိုင် ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် ဘင်္ဂါလီ လူမျိုးများသည် စစ်တွေမြို့ရှိရခိုင် တိုင်းရင်းသားများ၏ နေအိမ်များနှင့် ရပ်ကွက်များကို မီးရှို့ ဖျက်စီးနေကြပြီး ယင်းဆူပူများကို ထိန်းသိမ်းနေ သည့် လုံခြုံရေး ရဲတပ်သားများနှင့် တပ်မတော်သားများကိုပါ ၎င်းတို့၏ သေနတ်များဖြင့် ပစ်ခတ် နေကြကြောင်း ဒေသခံ များက The Voice Weekly သို့ပြောကြားသည်။

“နေ့ဘက်မှာတောင် သေနတ်တွေနဲ့ ပစ်နေတာ ညဆိုရင်ပိုဆိုးကုန်မှာပေါ့ “ ဟု ဒေသခံအမျိုးသားတစ်ဦး ကဆိုသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger