ဗိုလ်မင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံ

Friday, June 8, 20120 မှတ်ချက်များ

မောင်တောမြို့နယ်နှင့် တစ်မိုင်ခန့်ကွာဝေးသော အိမ်ခြေတစ်ရာခန့် ရှိသော ဗိုလ်မင်းကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်အမျိုးသားဒီမိုကရေစီ (ALD)ပါတီဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သူကြသူများမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မောင်တောမြို့တွင်လွန်ခဲ့သော နာရီပိုင်းက ဖြစ်ပွား ခဲ့သော ဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူ ရဲဝန်ထမ်းဟောင်းမှာ ဦးကျော်လှဖြစ်ပြီး ဒါဏ်ရာ ရရှိခဲ့သူ လေးဦးအနက် တစ်ဦးဖြစ်သူ ဆရာဝန်မှာ ဦးခင်မောင်လတ်ဖြစ်ကြောင်း မောင်တောမြို့ခံ များထံမှ သိရသည်။

ယနေ့ ညနေလေးနာရီခန့် အချိန်တွင် ရရှိသော သတင်းများအရ ဗိုလ်မှူးရွာရှိ နေအိမ် ၁၀ လုံး နှင့် သဇင်တည်းခိုခန်း မီးရှို့ခံရပြီး ယူနိုက်တက် တည်းခိုခန်း အနီးရှိ ဆိုင်ခန်းများ ဖျက်ဆီးခံရကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင် အမျိုးသား တစ်ဦး သေဆုံး၍ လေးဦးခန့် ဒါဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူ အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထိခိုက် ဒါဏ်ရာရသူများတွင်
ဆရာဝန်တစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

[Update] မောင်းတောမြို့ နယ်မှ ထိခိုက်ဒါဏ်ရာ ရရှိသူများတွင် ပါဝင်သော ဆရာဝန် ဦးခင်မောင်လတ်နှင့် ဇနီးဖြစ်သူ တို့ နှစ်ဦးလုံးမှာ မောင်းတော ဆေးရုံတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။

မောင်းတောမြို့ တွင် ဖြစ်ပေါ်နေသော အခြေအနေများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ရန်အတွက် ပစ်ခတ်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း မောင်းတောမြို့ ပေါ်တွင် သီတင်းသုံးနေသော ရဟန်းတော် တစ်ပါးက ပြောကြားသည်။

The Voice Weekly (Facebook)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger