ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးလဲ တနှစ်ကျော်ခဲ့ပြီ ။ စစ်ရဲ့ ရလာဒ်တွေဖြစ်တဲ့ အိုးအိမ်ပျက်စီးမှုတွေ ၊ စစ်တလင်းထဲက သေတွင်းထဲမှာ စတေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့  အသက်ပေါင်းများစွာ ၊ ကျောင်းပျောက်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့  ဘဝ ၊ မိဘပျောက်နေတဲ့ လူမမယ် ကလေးငယ်တွေရ့ဲ ဘဝ ၊ ကုစားဘို့ခက်တဲ့ စိတ်ဒဏ်ရာတွေ စသည် စသည် များကို နှစ်ဖက်ခေါင်းဆောင်ကြီးလဲ သိကြမည်လို့ အကြွင်းမဲ့ ယုံကြည်နေပါသည် ။
ဒီအရာတွေကို ကုစားနိုင်မဲ့ ဆေးက တစ်မျိုးပဲ ရှိပါသည် ။ ငြိမ်းချမ်းရေး ဆိုတဲ့ ဆေးလောက် ဘယ်ဆေးမှ မကောင်းနိုင်ပါ ။ဒီဆေးကို နှစ်ဘက်ခေါင်းဆောင်များ သောက်ဖို့လိုနေပါသည် ။ သောက်ရမဲ့ အချိန်လဲ ရောက်နေပါပြီ ။ မဖြစ်မနေလဲ သောက်ရမည် ဟု ယူဆပါသည် ။
စစ်ရဲ့  ဆိုးကျိုးတွေကို ကုစားဘို့ ပြည်သူများက တတ်အားသရွေ့  ကူညီနေကြတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ ဂျာနယ်လစ်တွေ ၊ အနုပညာရှင်တွေ ၊ ပရဟိတ အဖွဲ့ တွေ ၊ နိုင်ငံရေးပါတီတွေ စတဲ့ လူမှုကွန်ယက်အဖွဲ့  တွေက ပြည်သူတွေနဲ့ တစ်ကွ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပါပြီ ။ပြည်သူတွေက ငြိမ်းချမ်းရေးလမ်းမကြီးကို ဖောက်နေကြပါပြီ ။
ပြည်တွင်းစစ်ကြီး ရှည်လေ ဒုက္ခသည်တွေရဲ့  အသက်ဟာ တိုလာလေ ပါပဲ ။သူတို့လေးတွေ ရဲ့  ဘဝတွေဟာ နှစ်ဖက်ခေါင်ဆောင်တွေရဲ့  လက်ထဲကို ရောက်နေပါပြီ ။ဒါကြောင့်မို့ ဒီအချိန်ဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့  ဦးနှောက် နဲ့ နှလုံးသားကို မှတ်ကျောက်တင်မဲ့ အချိန် ဖြစ်နေပါတယ် ။
ဒါကြောင့်မို့ မှတ်ကျောက်အတင်ခံနိုင်ဘို့ ငြိမ်းချမ်းရေး လမ်းမပေါ် မှာ နှစ်ဖက်ခေါင်းဆောင်များ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ရင်း . . . .
ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့  ကိုယ်စား . . . . .
zawmoehetet
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။