၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမာကီနဲ့ လူ့အခွင့်အရေး
လှုပ်ရှားသူ မစုစုနွေးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ၂၀၁၂၊ ဇွန်လ ၃ ရက်နေ့ ညနေ ၅
နာရီမှ ည ၇ နာရီအထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမတွင်
ကျင်းပခဲ့ပါတယ်။ ထို မင်္ဂလာဧည့်ခံပွဲဟာ နိုင်ငံရေးနယ်ပယ်က
ပုဂ္ဂိုလ်အတော်များများ တက်ရောက်တဲ့ ပွဲတခု ဖြစ်ပါတယ်။
ကိုကျော်ကျော်ထွေး (ခ) ကိုမာကီဟာ ထောင်ဒဏ် နှစ်ရှည်ကျခံခဲ့ရတဲ့
ဒီမိုကရေစီအရေး လှုပ်ရှားသူတဦး ဖြစ်သလို အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဝင် မစုစုနွေး (ခ) မနွယ်နွယ်ဝင်းဟာလည်း ရန်ကုန်တိုင်း
ကော့မှူးမြို့နယ်က မတရားမှုများအတွက် တိုက်ပွဲဝင်ရင်း လူ့အခွင့်အရေး
လှုပ်ရှားသူအဖြစ် လူသိများခဲ့သူ ဖြစ်ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူ
မစုစုနွေးအား ကနေဒါနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့က John
Humphrey ဆု၊ ချက်သမ္မတနိုင်ငံ People in Need အဖွဲ့က Homo Momini ဆုနဲ့
အီတလီနိုင်ငံ၊ Agrate မြို့က ဂုဏ်ထူးဆောင်မြို့သားဆုများ အပ်နှင်းထားပါတယ်။
ကိုမာကီနဲ့ မစုစုနွေးတို့ရဲ့ မင်္ဂလာပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးတင်ဦး၊
လွှတ်တော်ကိုယ်စားလှယ်များ၊ လူငယ်အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊
လူမှုရေးလုပ်ငန်းများလုပ်ဆောင်ကြတဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်သီတာဝင်းအောင်၊
ဂီတပညာရှင် ကိုရဲလွင်နဲ့ မိတ်ဆွေများ တက်ရောက်ကြကြောင်း၊
ပရိသတ်များပြားလွန်းတဲ့အတွက် ဧည့်ခံပွဲခန်းမ ပြည့်လျှံသွားကြောင်း
အခမ်းအနား တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးက ပြန်လည်
ပြောပြပါတယ်။
ကိုမာကီ မစုစုနွေး မင်္ဂလာဧည့်ခံပွဲ - Jun 6 2012 09:50 AM EST

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။