skip to main |
skip to sidebar
ရန်ကုန်မြို့တွင်အေးချမ်းလျှက်ရှိ
ဒီနေ့
ရန်ကုန်မြို့အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲဟာ
အေးအေးချမ်းချမ်းနဲ့ ပြီးသွားပါတယ် မနေ့ကတည်းက အစ္စလာမ်ဘာသာဝင်များအနေနဲ့
တဝက်စီခွဲပြီး ဝတ်ပြုကြဘို့ ကြိုတင်စီစဉ်ထားပါတယ် တဝက်ကဝတ်ပြုနေရင်
ကျန်တဝက်က ဗလီအပြင်ဘက်မှာ လုံခြုံရေးအတွက်ပေါ့ ဝတ်ပြုပြီး တဲ့သူတွေက
လုံခြုံရေးပြန်ယူပြီး ပထမ လုံခြုံရေးတာဝန်ကျတဲ့သူတွေက ဝတ်ပြုကြဖို့
စီစဉ်ထားပါတယ် အဲဒီလိုဘဲ သင်္ဃန်းကျွန်း...က
ဗလီဆရာတွေနဲ့ ဗုဓ္ဒဘာသာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တွေ မနေ့က
နာလည်မှုယူထားတာက ဗလီအတွင်း ဝတ်ပြုနေချိန်မှာ ဘုန်းကြီးများမှ
လုံခြုံရေးယူပေးမယ်လို့ ကျောင်းထိုင်ဆရာတော်မှ ဆွေးနွေးချက်ကို
ဗလီဆရာများမှ ဝမ်းပန်းတသာကြီုဆိုပြီး လုံခြုံရေးအတွက်
မိမိတို့ဖါသာတာဝန်ယူသွားမည်ဖြစ်ပြီး မိမိတို့မှ တည်ငြိမ်အေးချမ်းစွာနဲ့ လူစုခွဲသွားမှာဖြစ်တဲ့ အတွက် ကြောင့်၎င်း အများအမြင်မှာ ပုံစံတစ်မျိုးမြင်ယောင်မည်စီုးရိမ်လို့ အရှင်ဘုးရားတို့မှ လုံခြုံရေးမယူဘဲ စောင့်ကြည့်ပေးရန်သာလိုအပ်ကြောင်း
ပြောကြားရာ ဆရာတော်မှ ဟုတ်ပါပြီ ခင်ဗျားတို့ ထုံးတမ်း စဉ်လာအတိုင်းသာ
ဝတ်ပြုကြပါ ကျုပ်တို့ကလည်း အနည်းကပ်စောင့်ကြည့်ပေးပါမည် နှစ်ဘက်
သဘောတူညီမှု ရယူခဲ့ကြသည်
ထို့ကြောင့် ရန်ကုန်အပါအ၀င် အခြားမြန်မာနိုင်ငံဒေသအသီးသီးမှာအေးချမ်းတည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါတယ် . . . .

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။