ရခိုင်အရေးအခင်းမှနောက်ဆုံးရသတင်း
Saturday, June 9, 20120 မှတ်ချက်များ
ခုပဲနောက်ဆုံးသတင်း အနေထားတပ်မတော်စစ်ကြောင်းများရွာများသို့ ထိုးဖောက်ဝင်ရောက်နေကြောင်းနဲ့ 
ရွာတစ်ရွာတွင်ကုလားလက်နက် တပ်ဆင်ထားသူ၁၀၀၀၀ ခန့် တွေ့ ရှိကြောင်းသတင်းရရှိ။
စစ်တွေမြို့အနီးဆိုက်ကပ်ထားသည့်စစ်သင်္ဘောကို မောင်တောမြို့ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင်
 စောင့်ရှောက်ဖို့ ယနေ့ညတွင်ပင် ထွက်ခွာရန်ပြင်ဆင်နေပြီဟု စစ်တွေမြို့ ရေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။ရခိုင်ကိုကယ်တင်ဖို့  တပ်မတော်ရေမှလည်းရေပြင်ကို ကာကွယ်ရန်တွက် တပ်စခန်းမှထွက်ခွာသွားကြောင်း သိရှိရပါတယ်........
အရေးကြီးသတင်းမောင်တောမှာ မြန်မာ့တပ်မတော်နှင့် RSO ရိုဟင်ဂျာပျောက်ကြားများ တိုက်ပွဲဖြစ်ပွား ဘင်္ဂလီများဖက်မှာ မော်တော်ဘုတ်သုံးစီး လူနှစ်ရာဝန်းကျင်ခန့်လက်နက်များကိုင်ဆောင် ချီတက်လာတယ်လို့ လေးဝတီသတင်းထောက် သတင်းပေးပို့သွားပါတယ်။
တိုက်ပွဲနောက်ဆက်တွဲသတင်းမောင်တောမြို့ပြင်ကားလမ်းတစ်နေရာကညင်တန်းတွင် ဘင်္ဂလီRSOပျောက် ကျားများနှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိပြီး လက်နက်ကိုင် RSO စစ်တကောင်းမှဘင်္ဂလီဦးရေ တစ်ရာဝန်း ကျင်ခန့်နှင့် ဒေသတွင်းဘင်္ဂလီများပါဝင်ကြောင်း သိရသည်။ မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွများ အကျအဆုံးများကြောင်း သိရှိရသည်။ 
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည်တည်ထောင်စဉ်အချိန်မှရည်ရွယ်ချက် မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည်ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ၏အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကိုစုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ထူထောင်ရေးအဖြစ်ပာင်းလဲလာသည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာသိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှမည်သည့်တပ်ဖွဲ့ခွဲ သည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင်အခြေစိုက်၍နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya SolidarityOrganization)၏တပ်သားအများစုသည်တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။မြန်မာရုပ်မြင်သံကြားကကြေငြာလိုက်ပါပြီ ...၁/၂၀၁၂ ၁၄၄ မာရှယ်လောအမိန်.ဘူးသီးတောင် နှင့် မောင်းတော အတွက်ပါတပ်မတော်မှကြည်းရေလေ အဖက်ဖက်မှအင်းအားထိုး ကာကွယ်မှုများညတွင်းချင်းဆောင်ရွက်နေကြောင်းသိရှိရပါသည်
မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။
ကုလားများဘက်မှလည်းရခိုင်ပြည်နယ် မောင်တောမြို့နယ် စံပြကျေးရွာအနီးရှိ လသာရွာတွင် ကုလား တစ်သောင်းကျော်လောက် လက်နက်အပြီးစုံနှင့် အဆင်သင့် ကိုင်းပြီး မြို့ပေါ်သို့ချီးတက်ဖိုအတွက် အဆင့်သင့်ပြင်ဆင်နေကြောင်းသိရသည်အဲဒီကုလားတွေကလုံခြုံရေးရဲတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲများဟာ နောက် သို့လှည့်ကြောင့်သိရသည်။ မောင်တောမြို့တွင်း လူထုများယနေ့အတွက်တော်တော်စိတ်ပူပန်းစိုးရိမ်းနေကြကြောင်း
နောက်ဆုံးသတင်းဖြစ်ပါတယ်။
ဥက္ကဌ ဦးဘရွှေ၏ ယနေ့ည 10နာရီ 15မိနစ်တွင် ပြောပြချက်အရ မောင်တောမြို့ပေါ်တွင်
၎င်းက “စစ်တပ် လည်းရောက်ပြီ၊ လုံထိန်းတွေလည်းရှိတယ်၊ ပုဒ်မ 144လည်းထုတ်ထားတယ်၊ မိုက်နဲ့လည်း လိုက်အော်နေတယ် ဆိုတော့ အခုနည်းနည်းတည် ငြိမ်နေတယ်။ ဒါပေမယ့် ပြောလို့တော့မရသေးဘူး၊ ဘင်္ဂါလီတွေကတော့ လူစုနေကြတယ်၊ မြို့ပေါ်ကို ၀င်မယ်လို့ကြားတယ်။ လုံခြုံရေးကလည်း နေရာတိုင်းကိုတော့ မရောက်နိုင်ဘူး။ နယ်က့  ရွာတွေကတော့ အရမ်းကိုစိုးရိမ်ရပါတယ်”ဟု ပြောသည်။
Share this article :
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger