အဆိုပါ ဂီတကုထုံးအား အစ္စရေးနိုင်ငံမှ ဂီတကုထုံးပညာရှင် Ms. Tsvia Horesh က ဂီတကုထုံးနှင့် ပတ်သက်သည်များအား လမ်းညွှန်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ဂီတကုထုံးသည် ဆေးရုံများ၊ အထူးပြုကျောင်းများ (ဥပမာ- မသန်စွမ်း အသင်တန်းကျောင်း)၊ ဘိုးဘွားရိပ်သာ သက်ကြီးဂေဟာများ၊ ကင်ဆာရောဂါကုသဌာနများနှင့် ပြစ်မှုကြောင့် အကျဉ်းကျခံနေရသူများကိုပင် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ကျန်းမာသန်စွမ်း ဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုစေကြောင်း သိရသည်။
အဆိုပါကုထုံးကို လက်ခံ၍ ပါဝင်လုပ်ဆောင်သော မသန်စွမ်းကလေးသူငယ်နှင့် လူငယ်လူရွယ်များသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်း ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် နာကျင်ကြေကွဲစွာ ခံစားခဲ့ရသော စိတ်ဒဏ်ရာများကို ကုသရာတွင်လည်း ထိရောက်မှုရှိကြောင်း သိရသည်။
“ဂီတကုထုံးနှင့် ပတ်သက်၍ ၂၈-၅-၂၀၁၂ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲများ နှင့် ၂၈-၅-၂၀၁၂ ရက်မှ ၈-၆-၂၀၁၂ ရက်ထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့ပြင် အောက်တိုဘာလတွင် Ms. Tsvia Horesh ထပ်မံလာရောက်၍ မွမ်းမံသင်ကြားမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
ဂီတကုထုံးကို ထိုင်းနိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပြီး သြစတြေးလျနိုင်သည် ဂီတကုထုံး အဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။