ရခိုင်ပြည်နယ် ကယ်ဆယ်ရေးစခန်းများတွင်ရှိ လူထုများ အကူအညီလိုအပ်

Wednesday, June 13, 20120 မှတ်ချက်များ


နော်ဆဲကလယ် (ကေအိုင်စီ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာ သူများအတွက် အလှူငွေများ လိုအပ်လျက် ရှိ သည်ဟု ရန်ကုန်မြို့တာမွေရှိ အလိုတော်ပြည့်ကျောင်း မှ ဘုန်းတော်ကြီးတစ်ပါးက ကေအိုင်စီသို့ပြောသည်။

“လောလောဆယ် ကယ်ဆယ်ရေးစခန်း ၄ ခုရှိပါတယ်။ မောင်တောမှာ ၃ ခုနဲ့ ရသေ့တောင်မှာ တစ် ခုပါ။ ရသေ့တောင်က ပိုလိုအပ်နေပါတယ်။ အဲဒီနေရာက သွားလာရေးခက်ခဲသလို ဆက်သွယ်ရေးကလည်း ဖုန်း ၁၀ ခါဆက်ရင် တစ်ခါ လောက်ရတဲ့နေရာပါ။ အစားအသောက် အခက် အခဲ ရှိပါတယ်။” ဟု ၄င်းက ပြောသည်။

မောင်တော အလိုတော်ပြည့်ကျောင်းတွင် လူဦးရေ ၇၃၁ ဦးရှိပြီး ၊ ဗဟိုကျောင်းနှင့် အလိုတော်ပြည့် ပရဟိတကျောင်းတို့တွင်မူ စာရင်း အတိ အကျ မသိ ရသေးသော်လည်း ရသေ့တောင်ရှိ အလိုတော်ပြည့် ကျောင်းတွင် လူထု ၃၀၀၀ ကျော်ရှိသည်ဟုသိရသည်။

အဆိုပါ ရသေ့တောင်ရှိ ကယ်ဆယ်ရေးစခန်းတွင်ရှိ လူထုများသည် ရသေ့တောင်အနီးရှိ ရွာများမှ လာရောက် ကြသော သူများဖြစ်ကြ သည်။ “အနီးနား ရွာတွေမှာကတော့ ဘာမှမဖြစ်ပေမယ့် ရွာတွေထဲမှာက ရိုဟင်ဂျာအိမ် ၁၀၀ဆို ရခိုင်လူမျိုးတွေရဲ့အိမ်က ၁၀ အိမ် လောက် ဘဲရှိတော့ ကြောက်ပြီး ရောက်လာကြတာပါ။ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ၇က်နေ့က ပြည်နယ်ဝန်ကြီး နှင့်တိုင်းမှုးတို့သည် ပြသနာများဖြေရှင်းရန်အတွက် ၀င်ရောက် စစ် ဆေး ပြီးနောက် မီးရှို့မှုများဖြစ်ပွားခဲသေးသည်ဟု သိရသည်။

အဆိုပါ လူထုများအတွက် အလှူငွေ (သို့မဟုတ်) အလှူပစ္စည်းများ လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် ထိုကယ်ဆယ်ရေး စခန်း များသို့ အောက်ပါဖော်ပြထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မောင်တောအလိုတော်ပြည့်ကျောင်း- ဖုန်း- ၀၄၃-၅၅၀၉၁၊
မောင်တောဗဟိုကျောင်း- ၀၄၃- ၅၅၀၉၂၊
ရန်ကုန်မြို့ရခိုင်ပြည်နယ်ဓမ္မာရုံ-၀၁ ၃၇ ၅၇ ၂၈၊
ရန်ကုန်မြို့ ရခိုင်သဟာရအသင်း- ၀၁ ၄၃၀ ၁၇၂၊
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger