ကျောက်တော်ဈေး မီးရှို့ရန် ကြံစည်သူကို ရုံးတင်စစ်ဆေး

Sunday, June 24, 20120 မှတ်ချက်များ



ဇွန် ၁၈ရက် နံနက် ၈နာရီ ၃ဝမိနစ်တွင် ကျောက်တော်ဈေး (ပျံကျဈေး)တွင် မသင်္ကာသူ  အမျိုးသမီး တစ်ဦးကို ဓာတ်ဆီထည့်ထား သော ပုလင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးကို ဒေသခံ ပြည်သူတစ်ဦးက တွေ့ရှိ ခဲ့သဖြင့် သက် ဆိုင်ရာဈေးတာဝန်ရှိသူများထံသို့ သွား ရောက် အကြောင်းကြားရာ တာဝန်ရှိသူ များက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရ သည်။

''အဲဒီအမျိုးသမီးမှာ ဓာတ်ဆီ ရေသန့်ဗူးတစ်ဗူးအပြင် ထည့်ထားတဲ့ ပုလင်းတစ်ပုလင်းနဲ့ နောက်ပြီးတော့ ရေသန့်ဗူးသုံးဗူး ဆံ့တဲ့ ဂါလန်ဗူးခွံတစ်ခု ပါပါတယ်။ ဒီပစ္စည်းတွေနဲ့အတူ အသိ သက်သေ လေးဦးရှေ့မှာ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူ့ကို ကျောက် တော် ရဲစခန်းက (ပ) ၄၃၆/၅၁၁ နဲ့ တရားစွဲဆိုဖို့လုပ်နေပါတယ်' 'ဟု ကျောက်တော် ဈေးတာဝန်ခံတစ်ဦး က ပြောသည်။

ယခုတွေ့ရှိသော အမျိုးသမီး မှာ မနော်စိပါခါဒူ အသက် (၂၇)နှစ်ဖြစ်ပြီး ကျောက်တော်မြို့ ပိုက်သေရွာ သစ်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သူမကို ယနေ့ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ကျောက်တော်ဈေး လုံခြုံရေး အတွက် ဈေးသူဈေးသား အယောက် ၂ဝခန့်က နေ့စဉ်ဈေး လုံခြုံရေး တာဝန်ယူကာ ကင်းလှည့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 စောမြင့်သန်း(ပေါက်တော) နေရာ - စစ်တွေ မှ တိုက်ရိုက်ပေးပို့သည်

ရန်ကုန်တိုင်းမ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger