ဓာတ်ဆီပုံးသယ်ဆောင်လာသော ဘင်္ဂါလီ ကလေးနှစ်ဦးအား စစ်တွေမြို့မဈေးအတွင်း ဖမ်းဆီး

Saturday, June 9, 20120 မှတ်ချက်များ


နေ့လည် ၃နာရီ ၊ ဇွန် ၉၊ ၂၀၁၂ (YPI)

စစ်တွေမြို့မဈေးအတွင်းသို့ ဓာတ်ဆီပုံးနှစ်ပုံးသယ်ဆောင်လာသော
ဘင်္ဂါလီကလေး နှစ်ဦးအား သံသယရှိသဖြင့် စစ်တွေမြို့ခံ တချို့က ၎င်းတို့ကို
ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ပေးခဲ့ကြကြောင်း ရခိုင်အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက YPI သို့ ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဓာတ်ဆီပုံများကို ဈေးအတွင်း သယ်ဆောင်လာရသည်ကိုစစ်ဆေးမေးမြန်း နေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ YPI အနေဖြင့်မူသီးခြား အတည်ပြုချက် မရရှိသေးပေ။

ဘင်္ဂါလီကျေးရွာဖြစ်သည့် နာဇီကျေးရွာဝန်းကျင်တွင် ဘင်္ဂါလီ အများအပြား ဒုတ်၊ ဒါးများကိုင်ဆောင်ကာ အုပ်စုဖွဲ့ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေရပြီးအခြေအနေ မတည်မငြိမ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟုလည်း အထက်ပါ
ရခိုင်အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ဝင်က ဆိုသည်။

စစ်တွေ ဒေသခံများ၏အဆိုအရ ဘင်္ဂါလီများ၏ အကြမ်းဖက်လာမှုများကိုစိုးရိမ်သောကြောင့် တစ်မြို့လုံးအတိုင်းအတာနှင့် သတိဝိရိယဖြင့်
နေနေကြရသည်ဟုဆိုပါသည်။           ။

by Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger