ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးကို ကြံ့ခိုင်ရေးပါတီရုံးအဖြစ် ပြောင်းလဲရန်စီစဉ်

Tuesday, June 12, 20120 မှတ်ချက်များ

ဇွန် ၁၂၊ ၂၀၁၂၊ YPI

လှည်းကူးမြို့နယ် ဖောင်ကြီးဒေသ ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံးကို ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ကာ  မေလနှောင်းပိုင်း၌ ရုံးအဆောက်အဦရှိ အခြားသော အသင်းအဖွဲ့များကို နှင်ထုတ်လျှက်ရှိသည်ဟု လှည်းကူးမြို့နယ် အန်အယ်လ်ဒီမှ ကိုညိုထွန်းက ပြောသည်။

“ဒီအဆောက်အဦက ရွာပိုင်မြေပေါ်မှာ ကျေးလက်ဒေသ ဆက်သွယ်ရေးဋ္ဌာနအဖြစ် ဖွင့်ဖို့ အာဆီယံနိုင်ငံ အလှူရှင်များအသင်းက ဆက်သွယ်ရေးပစ္စည်းလှူပြီး  ၂၀၀၄ ခုနှစ် အစပိုင်းမှာဖွင့်ခဲ့တာပါ” ဟု ၎င်းက YPI သို့ပြောသည်။

ထိုစဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ဆက်သွယ်ရေးနည်းပညာများနှင့် ကျေးလက်လူထုထိတွေ့နိုင်ရန် အာဆီယံနိုင်ငံများမှ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စတင်ဖွင့်လှစ်စဉ်က ကြံ့ခိုင်ရေးမှာ အသင်းသာဖြစ်နေသည့်အတွက် ယင်းရုံးကို စောင့်ရှောက်ရန် အပ်နှံထားခြင်းဖြစ်၍ ယင်း စီမံကိန်း ရပ်ဆိုင်းသွားသည့် ၂၀၀၇ ခုနှစ်ဝန်းကျင်နောက်ပိုင်း၌ ယင်းအဆောက်အဦတွင် ကျေးရွာ နာရေးကူညီမှု အသင်းဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်ထားခဲ့သည်။

ယင်းသို့ရှိရာမှ ပြီးခဲ့သည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် ကြံ့ခိုင်ရေးပါတီမှ ဆိုင်းဘုတ်ပြန်လည် တင်ခဲ့ပြီးရက်သတ္တပတ်အတန်ကြာ၌ ရုံးအဆောက်အဦတွင်း အခြေစိုက်သည့် အခမဲ့နာရေး ကူညီမှုအသင်းကို နှင်ထုတ်ကာ ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကိုညိုထွန်းက ပြောသည်။

ယခုအဖြစ်အပျက်ကို လှည်းကူးမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို တင်ပြထားကာ သမ္မတ ဦးသိန်းစိန်ထံလည်း တိုင်ကြားစာ ပေးပို့သွားမည်ဟု ၎င်းက ပြောသည်။     ။
 
ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံး

 by Yangon Press International
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger