ကိုယ်စားလှယ်ဖြိုးမင်းသိန်းအား ကန့်ကွက်မှုပလပ်ရန် ဇွန် ၁၁ တွင်ဆုံးဖြတ်မည်

Thursday, June 14, 20120 မှတ်ချက်များ


ဓါတ်ပုံ (Google Images)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ပြည်ခိုင်ဖြိုးပါတီမှ ကန့် ကွက်မှုကို ပလပ်ပေးရန် ဦးတည်လျှောက်ထားမှုအား ဇွန်လ ၁၁ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်ကနေ NLD ပါတီက ဦးဖြိုးမင်းသိန်း၊ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူနဲ မြန်မာ့လူ့ဘောင်သစ်ပါတီက ဦးဇင်အောင်တို့က ဝင်ပြိုင်ပါတယ်။ ဦးဖြိုးမင်းသိန်းက အနိုင်သွားတော့ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမသမာမှုဆိုပြီး အချက် ၈ ချက်နဲ့ ကန့်ကွက်ထားပါတယ်။ ကော်မရှင်ခုံရုံက အချက် ၃ ချက်ကိုပဲ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်တော့ ရုံးချိန်း ၅ ကြိမ်သွားပြီးပါပြီ”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂ ဇွန်လ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ကန့်ကွက်မှုနှင့် ပတ်သက်၍ ငြင်းချက်ထုတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာအောင်မြတ်သူ လာရောက်ခဲ့ခြင်း မရှိသည့်အတွက် ယင်းအမှုအား ပလပ်ရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းမှ တရားစီရင်ရေးလမ်းကြောင်းနှင့် တရားစီရင်ရေးလုပ်ထုံး လုပ်နည်းများအရ လျှောက်ထုံးဖြတ်ထုံးများနှင့်တကွ လျှောက်ထုံးနမူနာသုံးခုဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးတွင် ကိုးကားတင်ပြထားကြောင်း သိရ သည်။

“ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း မဲဆွယ်စည်းရုံးခဲ့ရာမှာ အသုံးပြုခဲ့တဲ့ လက်ကမ်း ကြေငြာနဲ့ ဗွီနိုင်းတွေမှာ ပုံနှိပ်ထုတ်ဝေခွင့်နဲ့ ပုံနှိပ်ထုတ်ဝေသူ အမည်မပါရှိတာ၊ မဲဆန္ဒရှင်တွေနဲ့ ဦးဖြိုးမင်းသိန်း တွေ့ဆုံစည်းရုံးစဉ်မှာ ဘာသာရေး၊ လူမျိုး ရေးနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ရွာတစ်ရွာမှာ တစ်ရွာလုံးကို ထမင်းကျွေးပြီး မဲဆွယ်စည်းရုံးတာတွေကို  ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လက်ခံစစ်ဆေး နေတာပါ”ပာု ၎င်းက ဆက် လက်ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ် (၄၅)နေရာအနက် မဲဆန္ဒနယ် (၄၃) နေရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အနိုင်ရရှိခဲ့သည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger