by Myit Makha Mediagroup on 4 Jun, 2012
ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ကျေးရွာတွင် ည(၇)နာရီအပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံက သိရှိရသည်။
ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဒေသခံလယ်သမားများအခက်အခဲကြုံနေရကြောင်းကိုလည်း သိရှိရသည်။
“ထယ်ထိုးတာ၊ မြေဆွဖို့ဆိုတာ.. ကျွဲ၊ နွားတွေနဲ့ မနက်အစောကြီးထွန်ကြရတာ။ အခုက လယ်နဲ့ဝေးတော့ လယ်မှာ အိပ်ရမလား။ အိပ်မယ်ဆိုလည်း မအိပ်ရဲဘူး။ ညပြန်လာမယ်ဆိုရင်လည်း မရဆိုတော့ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။” ဟု ဝါရှောင်ကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာနေဒေသခံများမှာ လယ်ယာစိုက်ပျိုးခြင်းဖြစ်သာ အသက်မွေးဝမ်းကျောင်းပြုနေကြခြင်း ဖြစ်သည်။ ည (၇) နာရီ အပြင်မထွက်ရသည့် မာရှယ်လောကြောင့် မိုးစပါး စိုက်ပျိုးရန်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်။
ကန့်သတ်ထားသည့် အချိန်ထက်ကျော်လွန်၍ အိမ်ပြင်ထွက်လာပါက မည်သူ့ကိုမဆို ရန်သူဟု သတ်မှတ်ကာ မြန်မာအစိုးရစစ်တပ်မှ သေနက်ပစ်ခွင့်ရှိကြောင်း ၀ါရှောင်ကျေးရွာအုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားသည်။
“ဒီနှစ် လယ်မစိုက်ရမှာတောင် ကြောက်နေကြတယ်။ လယ်တော့ ရှိတယ်။ လယ်ထွန်ဖို့ လူမရှိဘူးဖြစ်နေတယ်။” ဟု လယ်သမား တစ်ဦးက ဆက်ပြောသည်။
မှတာဝန်ခံ

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။