အင်းစိန်မြို့ နယ်တွင် စောင်ရေပွား၍ ထီလိမ်လည်ရောင်းချသူများအား တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

Sunday, June 24, 20120 မှတ်ချက်များ




ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့ နယ်၊ အောင်ဇေယျ အိမ်ရာအတွင်း မြန်မာ အောင်ဘာလေ ထီလက်မှတ် များအားစောင်ရေ ပွားအောင် လိမ်လည် ရောင်းချလျှက်ရှိသော အဖွဲ့တစ်ဖွဲ့ အား  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ(၂၂)ရက်နေ့တွင် ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း အင်းစိန်ရဲစခန်းက သတင်းရရှိသည်။

“ထီလိမ်ရောင်းတဲ့အဖွဲ့ပါ။ သူတို့ကို ပုဒ်မ-၄၂၀နဲ့ တိုင်းရဲစခန်းက ၀င်ဖမ်းတာ။ကျွန်တော်တို့ ဒေသခံရဲတွေနဲ့ ပူပေါင်းပြီးတော့ပေါ့၊ သူတို့ လိမ်တာက ထီအုပ်ထဲမှာ အပေါ်တစ်စောင်၊အောက်တစ်ဆောင်ညှပ်ပြီး ဗလာ စာအုပ်တွေ ညှပ်ထားတာပါ ”အင်းစိန်ရွာမရဲစခန်းမှ ဒုရဲမှူးတစ်ဦးက ဆိုသည်။

အဆိုပါအောင်ဇေယျအိမ်ရာရှိ တိုက်(၁၀) ငြိမ်းစုရင်စားသောက်ဆိုင်အပေါ်ထပ် (၄)လွာတွင် ထီလိမ်လည်သူ တရားခံပာု ယူဆရသောသူများအား ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ရပ်ကွက်ထဲမှာတော့ သူတို့ကို တွေ့ ဖူးတယ်။ ဆိုင်ကိုလည်း အမြဲလာထိုင်တယ်။”ပာု အောင်ဇေယျ အိမ်ရာ အတွင်းရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးလုပ်ကိုင်သူ ကိုတွတ်ပီက ပြောသည်။

အဆိုပါ ထီလိမ်လည်သူများနေထိုင်ရာ တိုက်ခန်း၌ လူငယ်များသာစု၍ နေထိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ထို့အပြင် အဆိုပါအဖွဲ့မှ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိနေသေးကြောင်း မျက်မြင်သက်သေများက ဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သတ်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးအား စုံစမ်းမေးမြန်းရာအမှုမှာဆက်လက်ဖော်ထုတ် နေဆဲဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပေါ်တွင် မတ်လ(၇)ရက်နေ က ထီမဲနံပါတ် အတုပြုလုပ်၍ (၂၇၈)ကြိမ်မြောက်   အောင်ဘာလေအမှုတွင် လူ(၃)ဦးမှ ကျပ်သိန်း(၃၀)ဆုမဲအား လိမ်လည် ထုတ်ယူမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ကိုလည်း   ပြည်တွင်းဂျာနယ်တစ်စောင်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့နှင့် နယ်မြို့များတွင် ထီလိမ်လည်ရောင်းချမှု၊ ထီစောင်ရေပွားမှု၊ ထီလက်မှတ်မှ မဲနံပါတ်အတု ပြုလုပ်မှုများ ရှိလာသဖြင့်  ပြည်သူများအနေဖြင့် ထီလက်မှတ်ဝယ်ယူသည့်အခါတွင် အထူးဂရုပြုသင့်ကြောင်း ကမာရွတ်မြို့နယ်မှကိုအေးချမ်းက အကြံပြုပြောဆိုခဲ့သည်။


စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger