ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို

Tuesday, June 5, 20120 မှတ်ချက်များ



ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း လည်း ပြောဆိုသွား ပြီး ယနေ့ထုတ် သတင်းစာတွင် သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆို သည့် စကားလုံး ကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆို သွားသည်။

" ၈၈မျိုးဆက် ကျောင်းသားများကိုယ်စား ကျွန်တော် သွားတာပါ။ ဆန္ဒမပြဖို့ ဖြန်ဖြေပေးဖို့ အတွက် သွားတာပါ။လှုံဆော်ဖို့အတွက် သွားတာ မဟုတ်ပါဘူး" ဟု ကိုမြအေးက The Voice Weekly သို့ အတည်ပြုပြောကြားသည်။

ကျောက်နီမော် ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှား လျင် သေဒဏ်အထိ ချမှတ်ပေးဖို့ တောင်းဆိုသွား သကဲ့သို့ တောင်ကုတ် တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁၀၀ ကျော် ထိရောက်ရှိလာပြီး သတင်းမီဒီယာသမား များနှင့် လေ့လာအကဲခတ်နေသူ အခြား ဘာသာဝင်များမှာ ၁၀၀၀ နီးပါး ခန့်ရှိသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger