စစ်တွေမှာ လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိ

Wednesday, June 13, 20120 မှတ်ချက်များ



ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

“ဘင်္ဂါလီတွေ သေနတ်နဲ့ပစ်နေတာ။ ဒီလိုသိမ်းလိုက်တော့ ကျွန်တော်တို့မှာ ခုခံစရာ ဘာမှမရှိတော့ဘူး” ဟု ၄င်းဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် လုံခြုံရေးများလုံလောက်စွာ ချထားခြင်း မရှိသည့်အပြင် ပြန်လည်ခုခံနိုင်ရန်အတွက် ရှာထားသည့် လေးခွများ ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနေသောကြောင့် ရခိုင်တိုင်းသားများမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပါက ပြန်လည် မခုခံနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

“သူတို့ဆီက ဘာလက်နက်ကိုမှ သိမ်းဆည်းတာမတွေ့ရဘူး။ နဂိုကတည်းက ဆူပူထကြွနေတာ။ ဒီလိုလုပ်လိုက်တော့ ပိုဆိုးကုန်မှာပေါ့” ဟု ဒေသခံရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger