မန္တလေး-ရန်ကုန် Air-con Bus ယာဉ်များရှေ့ခန်းရှိ TV ဖြုတ်သိမ်းရန် ညွှန်ကြား

Sunday, June 10, 20120 မှတ်ချက်များ



မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်း အခြေစိုက် ရန်ကုန်မြို့တော်သို့ ထွက်ခွာမည့် Air-con Bus ယာဉ်များအားလုံး၏ ယာဉ်ရှေ့ခန်းယာဉ်မောင်းလက်ကိုင်အနီးရှိ ဒက်ရှ်ဘုတ်ပေါ်တွင် တပ်ဆင်ထားသည့် အသေးစားမော်နီတာ TV များကိုဖြုတ်ရန် ဇွန်လ ၁ ရက်နေ့တွင် တိုင်းဒေသကြီးယာဉ်လိုင်းများ ကြီးကြပ်ကွပ်ကဲမှုကော်မတီ (အဝေးပြေး) က ညွှန်ကြားထားသည်ဟု မြို့ပြင် ခရီးသွားဂိတ်များထံမှ စုံစမ်းသိရှိရသည်။ Air-con Bus ယာဉ်များရှိအသေးစားမော်နီတာ TV ကိုဖြုတ်ရန်ညွှန်ကြားရခြင်းမှာ ပြီးခဲ့သည့် မေလတွင် GI Group ကားအသင်း ၏ Air –con Bus ယာဉ်တစ်စီးသည် ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းမကြီးအတိုင်း ထွက်ခွာလာစဉ် မိုင်တိုင်အမှတ် ၂၅၈ တွင် ရှေ့မှာမောင်းနှင်နေသော ဝါးတင်ကား GMCကို နောက်က အရှိန်ဖြင့်ဝင်ဆောင့်သဖြင့် Air-con Bus ပေါ်ပါ ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်နောက်လိုင်တစ်ဦး၊ ရှေ့ခုံထိုင်ခရီးသည်တစ်ဦးတို့ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို သက်ဆိုင်ရာက စိစစ်ရာတွင်ယာဉ်မောင်းသူသည် ယာဉ်ကို အရှိန်ဖြင့် မောင်းနေစဉ် ယာဉ်နောက်လိုက်များ နှင့် တူ ဒက်ရှ်ဘုတ်ပေါ်ရှိ မော်နီတာ TV ကိုကြည့်ပြီးမောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ပေါ်တွင်တပ်ထားသော မော်နီတာ TV အသေးစား ကိုဖြုတ်ရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ယင်းကားဂိတ်မှ သိရသည်။ Air- con ယာဉ်အားလုံးတွင် အငှားယာဉ် ယာဉ်မောင်းလိုင်စင်အနီရရှိသူ နှစ်ဦးနှင့် စပယ်ယာလိုင်စင်ရ အမျိုးသားယာဉ်နောက်လိုက် တစ်ဦးစီပါရှိရမည်ဟု ညွှန်ကြားထားပြီး ယင်းညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက ယာဉ်တစ်စီးချင်းကိုသော်လည်းကောင်း၊ ယာဉ်လိုင်းတစ်ခုလုံးကိုသော်လည်းကောင်း ကာလကန့်သတ်ပြီး ပြေးဆွဲခွင့်ပိတ်သိမ်းရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဟူသော အကြောင်း ကြားစာကို Air- con Bus ယာဉ်များသို့ အကြောင်းကြားထားသည်ဟု ယာဉ်မောင်းများထံမှ ထပ်မံစုံစမ်းသိရှိရကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger