Y-talk မှလွဲ၍ ကျန်အွန်လိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဥပဒေအရ အရေးယူတော့မည်

Wednesday, May 9, 20120 မှတ်ချက်များ

ရန်ကုန်၊ မေ ၇
Y-talk မှလွဲ၍ အွန်လိုင်းမှ ပြည်ပဖုန်းခေါ်ဆိုမှုများအား တရားမဝင်အဖြစ် ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဟု VMG TELECOMESကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အွန်လိုင်းမှ တရား ဝင်ဖုန်းခေါ်ဆိုနိုင်သည့် Y-talk စနစ် အား ဈေးနှုန်းလျှော့ချပေးလိုက်ပြီး နောက်သီးခြားခေါ်ဆိုမှုစနစ် အသုံး ပြုခြင်း၊ ခေါ်ဆိုခြင်းများအား အရေး ယူရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တရားမဝင် ခေါ်ဆိုမှု ဟုဆိုသည့် Pfingo၊ Skype အသုံးပြုမှုများကို အရေးယူရာတွင် လည်း ကုမ္ပဏီမှ ဆောင်ရွက်မည် မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသာအရေးယူဆောင်ရွက်မည်ဟု ယင်းကုမ္ပဏီမှ သိရသည်။
''အင်တာနက်ဆိုင်တွေကို ရှောင်တခင်ဝင်စစ်တာတွေကို မြန် မာ့ဆက်သွယ်ရေးကပဲ ဆောင်ရွက် မှာပါ'' ဟု ၄င်းက ပြောသည်။
အရေးယူဆောင်ရွက်မှုများ ရှိ လာပါကမည်သို့အရေးယူဆောင်ရွက် မည်ကိုမသိရှိရသေးသော်လည်း၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဆက် သွယ်ရေးဥပဒေများအရထောင်ဒဏ်၊ ငွေဒဏ်နှင့်စက်ပစ္စည်းများကို ပြည် သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွား နိုင်သည်အထိအရေးယူနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။
အွန်လိုင်းမှ တရားဝင် ဖုန်း ခေါ်ဆိုနိုင်သညY-talk ခေါ်ဆိုခ နှုန်းထားမှာ ယခင်က နိုင်ငံအပေါ် မူတည်၍ ဈေးနှုန်းကွာခြားပြီး အနည်းဆုံးနှုန်းထားမှာ တစ်မိနစ် လျှင် ကျပ်၁၅ဝ ခန့်ရှိ၍ အခြားခေါ် ဆိုမှုများထက် ဈေးနှုန်းမြင့်မားပြီး သုံးစွဲသူမရှိသလောက် နည်းပါးခဲ့ သည်။ သို့သော် ၄င်းY-talk ခေါ် ဆိုခြင်းကို တစ်မိနစ်အနည်းဆုံး ကျပ် ၈ဝ အများဆုံး ကျပ် ၂ဝဝ သို့ လျှော့ချခဲ့သည်။
''ပုဇွန်တောင်မြို့နယ်ရှိImage အင်တာနက်ဆိုင်မှ လုပ်ငန်းရှင် က ''အရင်ကတော့Y-talk ခေါ် ဆိုဖို့ အကောင့်တွေ ကတ်တွေ လည်း လိုတယ်။ ခေါ်ဆိုခလည်း မြင့်တော့ လာတဲ့လူမရှိဘူး။ အခု Pfingo ပုံစံအတိုင်း ဖုန်းခေါ်ဆိုလို့ ရပြီဆိုတော့ သုံးစွဲမှု များလာနိုင်ပါ တယ်'' ဟု ပြောသည်။
Y-talk စနစ်အား ရတနာပုံ တယ်လီပို့မှ ငွေဖြတ်တောက်ခြင်း၊ မြန်မာ့ဆက်သွယ်ရေးမှ ဥပဒေနှင့် လိုင်းများဆောင်ရွက်ခြင်း၊ VMG TELECOMESမှ နည်းပညာနှင့် ကတ်ဖြန့်ဖြူးရောင်းချခြင်းများဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ၂ဝ၁၂ မတ်လဆန်းမှ စ၍ ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် ၄င်းစနစ်ကို အင်တာနက်ဆိုင်များ ကိုသာ သုံးစွဲခွင့်ပေးထားသည်။
Popular Myanmar News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger