Vakokဆိုဒ်ကဟက်ကာတောင်အမိဖမ်းပြသတဲ့ ...

Friday, May 4, 20120 မှတ်ချက်များ



Server တိုက်ခိုက်ခံ ရခြင်းနှင့်ပါတ်သတ်၍ ဖြေရှင်းချက်


10.04.2012 နေ့ ရက်တွင် Over sea တွင်ထားရှိထားသော Vakok web Server အား BHG မှ တိုက်ခိုက် ခဲ့ ပါသည်။ သို့ သော် အလုပ် အနည်းငယ် ရှုပ်သွားရသည်မှ အပ ရက်အနည်းငယ်အတွင်း Forum အသစ် ပြောင်းလဲနိုင်ခဲ့ ပါသည်။ မည်သူ တစ်ဦး တစ်ယောက်မှ ထိခိုက် နစ်နာ မှု့ မရှိခဲ့ ပါ။ တိုက်ခိုက် လာသော IP မှာ foreign IP တစ်ခု မှ ဖြစ်ပါသည်။

၁၀.၀၄.၂၀၁၂ နှင့် ၁၄.၀၄.၂၀၁၂ နေ့ ရက် တို့ တွင် ရတနာပုံတယ်လီပို့  Data Center ထဲတွင်ထားရှိထားသော VAKOK Game Server အား IP - 10.246.16.197 မှ ၀င်ရောက်တိုက်ခိုင်ပြီး Member များ၏ Account Data များအား ခိုးယူ ၍ Facebook ပေါ်တွင် publish လိုက်ပါသည်။
ထိုဖြစ်ရပ်ကြောင့် Member များ၊ Player များ အနေဖြင့် များစွာ ထိခိုက်နစ်နာ ခဲ့ရပါသည်။ တိုက်ခိုက် လာသော IP မှာလဲ ရတနာပုံတယ်လီပို့ မှ အငှားချထားပေးသော ADSL လိုင်းမှ ဖြစ်ကြောင်း Server Log File များထဲတွင် အခိုင်အမာ ကျန်ရှိခဲ့ ပါသည်။ ထို့ ကြောင့် မည်သူမှ အကျိုးမရှိသော ထိုသို့ တိုက်ခိုက်ခြင်းမျိုး Vakok server တွင် နောက်နောင်ထက်မံ မဖြစ်ပေါ်လာစေရန် အတွက် Server Log File များနှင့်တကွ ရတနာပုံတယ်လီပို့ သို့  တင်ပြ တိုင်ကြားခဲ့ ရပါသည်။

2.04.2012 ရက်နေ့  ရတနာပုံ တယ်လီပို့ ၏ အစည်းအဝေး ခန်းမ တွင် ရတနာပုံတယ်လီပို့ မှ Technician များ၊ Vakok server ဖက်မှ owner နှင့် Technician ၊ Hacker IP ၏ Owner နှင့် Hacker တို့ ကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပါသည်။ နောက်ဆုံး ရလဒ်အနေဖြင့် ထို IP ပိုင်ရှင် နှင့် Hacker တို့ သည် ပြစ်မှု့ ထင်ရှားပြီး The Electronic Transactions Law အရ အရေးယူ နိုင်သော်လည်း IP Owner နှင့် Hacker တို့ မှ ခွင့်လွတ်ပေးပါရန် ၀န်ချ တောင်းပန် သဖြင့် လည်းကောင်း၊ ရတနာပုံတယ်လီပို့ မှ တာဝန်ခံ ဗိုလ်မှူးကြီး မှ လဲ ကြီးတဲ့ အမှု့ ငယ်စေ၊ ငယ်တဲ့ အမှု့  ပပျောက်စေ ရန်အတွက် ခွင့်လွှတ် ကျေအေးပေးပါရန် တိုက်တွန်းပြောကြား သည့်အတွက်ကြောင့် လည်းကောင်း IP owner နှင့် Hacker တို့ အား နောက်နောင် ထိုကဲ့ သို့ အပြစ်မျိုး ထပ်မံ မကျူးလွန်ရန် ခံဝန် ကတိ ရေးထိုး ခိုင်းပြီး Vakok ဘက်မှ ကျေအေးပေး လိုက်ကြောင်း Player များအား လေးစားစွာ အသိပေး အပ်ပါသည်။

Hacker IP - 10.246.16.197 ( ADSL - 611769 )

----------------------------------------------------------------------------------------------------------------------------------

ထိုဖြစ်ရပ်ကြောင့် Character များ၊ Item များ ၊ Gold များ၊ VAKOK သို့ လာရသည့်အတွက် Taxi ခများ စသဖြင့် များစွာ နစ်နာ ဆုံးရှုံးသွားသော Vakok player များအားလုံး အတွက် တကယ်ကို စိတ်မကောင်း ဖြစ်ရပါ။ ထိုသို့  ဖြစ်ရပ်မျိုး ထက်မံ မပေါ်ပေါက်စေရန် VAKOK ဖက်မှ လဲ နည်းပညာများ၊ အရင်းအနှီးများ စိုက်ထုတ်ပြီး တတ်စွမ်း သလောက် ကာကွယ် ဖို့  လုပ်ဆောင်ထားပါတယ် ခင်ဗျာ။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger