မိုဘိုင်းဖုန်းနှင့် ဖုန်းဆက်စပ် ပစ္စည်းများကို အသားပေး ပြသလျက် ရှိသည့် Myanmar Mobile Fair 2012

Monday, May 28, 20120 မှတ်ချက်များ

မိုဘိုင်းဖုန်းနဲ့ ဖုန်းဆက်စပ် ပစ္စည်းတွေကို အသားပေးပြီး ပြသ ရောင်းချတဲ့ Myanmar Mobile Fair 2012 ကို ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ UMFCCI မှာ

မေလ ၂၅ ရက်နေ့မှ ၂၇ ရက်အထိ ၃ ရက်ကြာ ပြသလျက် ရှိတယ်လို့ သိရပါတယ်။ အခုလို မိုဘိုင်းလ်ဖုန်း တွေကို အသားပေး ပြသရတာ ကတော့ တန်ဖိုးနည်း ဖုန်းကဒ် တွေကိုလည်း ချထားပေးမှုတွေ ရှိခဲ့တာကြောင့် ဖုန်းဟန်းဆက် တွေနဲ့ Phone Accessories ပစ္စည်းတွေကို ၀ယ်ယူ လိုသူတွေ အဆင်ပြေစေဖို့ အတွက် ပြုလုပ်ခြင်း ဖြစ်တယို့ သိရပါတယ်။

ဒါ့အပြင် ဖုန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အပြင် တခြား လူသုံးကုန် အချို့ကိုလည်း ပြသ ထားတာ တွေ့ရှိရပါတယ်။ အဲ့ဒီပြပွဲမှာ ဆိုင်ခန်းပေါင်း ၄၄ ခန်းနဲ့ ကုမ္ပဏီ ၂၃ ခုတို့က လာရောက် ပြသထား တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ပြပွဲကို လာရောက် လေ့လာသူတွေ အသုံးပြု နိုင်ဖို့ အတွက်လည်း ပြပွဲရက် အတွင်းမှာ Wi-Fi Free Zone ပြုလုပ်ပေး ထားတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger