ILO ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောမည်

Tuesday, May 22, 20120 မှတ်ချက်များ

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခံလူထုကို မိန့် ခွန်းပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဇွန်လ (၁၅) ရက်နေ့ ဆွဇ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပမဲ့ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်-ILO ညီလာခံမှာ မိန့်ခွန်းပြောမဲ့အကြောင်း AFP သတင်းမှာ ရေးထား ပါတယ်။ ILO ညွှန်ကြားရေးမှုးချုပ် Juan Somavia က ဒေါ်အောင်ဆန်းစုကြည် ညီလာခံမှာ စကားပြောပါလိမ့် မယ်၊ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့ မှာ နိုင်ငံတကာအဆင့် မိန့်ခွန်းပြောမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံကို ခရိးဆက်မှာဖြစ်ပြီး ဇွန်လ (၁၆) ရက် မွန်းလွဲ (၁)နာရီ အော်စလိုမြို့ တော်ခန်းမမှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ ဇွန်လ (၁၇) ရက်နေ့မှာတော့ နိုဘယ်ဆုကော်မတီက ကျင်းပမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲအခမ်းအနား ကို တက်ရောက်ဖို့ စီစဉ်ထားပါတယ်။
ဒီဗွီဘီ
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger