ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုလက်ရှိမှာ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှာ အိုဟောင်း
ကားများ အပ်နှံမှု တွေဟာ နည်းပါး သွားတယ်လို့ သိရပါတယ်။ အဆိုပါ အိုဟောင်း ကားများ အပ်နှံမှု တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ယခုလ ပထမပတ် အတွင်းမှာ တစ်နေ့လျှင် ကားအစီးရေ ၄၀၀ နဲ့ ၃၀၀ ၀န်းကျင်မှာ ကားအပ်နှံမှုများ ရှိခဲ့ပါတယ်။
ဒါပေမယ့် ကားအပ်နှံမှု တွေဟာ သက်ဆိုင်ရာမှ နိုင်ငံခြား ငွေအကောင့် ရှိသူတိုင်း ကားတင်သွင်း ခွင့်ပြုတဲ့ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းမှာ ကားအပ်နှံမှုဟာ တဖြည်းဖြည်း လျော့ကျ သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ကားအပ်နှံမှု တွေဟာ ယခုလ တတိယပတ် အတွင်း အိုဟောင်း ကားအပ်နှံမှုဟာ တစ်နေ့လျှင် ကားအစီးရေ ၁၀၀ မှ ၂၀၀ ၀န်းကျင် ခန့်သာ ရှိတော့ တယ်လို့ သိရပါတယ်။ ဒီလို အိုဟောင်း ကားများ အပ်နှံမှု လျော့ကျ သွားတာဟာ ဈေးကွက် အတွင်းမှာ စလစ် ဈေးကွက် များမှ တစ်ဆင့် ပြန်လည် တင်သွင်းတဲ့ ကားများနဲ့ ၂၀၀၇ မော်ဒယ် အထက် တင်သွင်းတဲ့ ကားများရဲ့ ဈေးနှုန်း အခြေအနေ များကို ဈေးကွက် အတွင်းမှာ စောင့်ကြည့် နေမှုတွေကြောင့် အိုဟောင်း ကားများ ကားအပ်နှံမှု လျော့ကျ သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။