စိုင်းနော်ခမ်းကို တရုတ်ပြည်ပို့ပြီ(ရုပ်/သံ)

Friday, May 11, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qjPudNIiZZd4U3GTHrid3HusKn8Sh_1iwgGp2g46UxmuUwuBbvOJNgkpO1s32MF6aLcxlaZ6LHrS8haTo5hJVCtPU4_toqiVgFWx9ByCjzkoL1MToypVsshqOu7sTj2q5eJDxlbJSv0/s400/20120510_500867_02.jpg

ဓာတ်ပုံ - Shanghai Daily

နိုင်ငံ လေးခုက အလိုရှိနေတဲ့ စိုင်းနော်ခမ်း ဟိုတလောက အဖမ်းခံရပါတယ်။ သူလှုပ်ရှားရာ ရွှေတြိဂံဒေသမှာပဲ အဖမ်းခံရတာပါ။ သူ့ကို လာအို အာဏာပိုင်တို့က ဖမ်းမိခဲ့တာဖြစ်ပြီး အခု သူ့ကို ဒီကနေ့ပဲ တရုတ်နိုင်ငံကို ပို့လိုက်ပါပြီ။

အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ၂ နိုင်ငံ အရာရှိတွေ သူ့ကို လွဲပြောင်းလွဲယူကြပါတယ်။

လာအို၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးကုန်ကူးမှု၊ ဓားပြတိုက်မှုတွေအတွက် အဲဒီနိုင်ငံတွေက သူ့ကို ၀ရမ်းထုတ်ထားတာပါ။
မကြာသေးခင်က အဲဒီဒေသ မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သင်္ဘောသားတွေ အသတ်ခံရမှုနောက်ပိုင်းမှာ တရုတ်အာဏာပိုင်တို့ကလည်း သူ့ကို အလိုရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

အခုတော့ သူ တရုတ်ပြည် ရောက်သွားပါပြီ။ တရုတ်သင်္ဘောသားများ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ကို စစ်ဆေးမယ်၊ တရားစီရင်ပါမယ် တဲ့။



သူ့ကို တရုတ်အာဏာပိုင်တွေလက်ထဲ ထည့်လိုက်ပုံ၊ လုံခြုံရေးအထပ်ထပ်နဲ့ လေယာဉ်ပေါ် တင်လိုက်ပုံတို့ကို ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ တရုတ် CCTV ရုပ်မြင်သံကြားက အသေးစိတ် တိုက်ရိုက် ထုတ်လွှင့်သွားပါတယ်။

Source by : http://www.irrawaddyblog.com/
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger