မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းခများတိုး၍ ဆိုင်ပိတ်ဆန္ဒပြ

Tuesday, May 29, 20120 မှတ်ချက်များ

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ နိဗ္ဗာန်ကုန်ဆိုင်နှင့် အခြားဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အနေဖြင့် တနင်္ဂနွေ နေ့လည်မှ စတင်ကာ ဈေးသည်များက ဆိုင်မထွက်ဘဲ ဆန္ဒပြနေကြသည်။

ဆိုင်ခန်းခများကို ယခင်က တိုးမြှင့်ကောက်ခံခြင်း မရှိခဲ့သော်လည်း ယခုအခါ သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်း
ကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆိုင်ခန်းပိုင်ရှင်များက အကြိမ်ကြိမ် ညှိနှိုင်းသော်လည်း ဂေါပကအဖွဲ့မှ လိုက်လျောမှု မရှိသဖြင့် ဆန္ဒပြကြခြင်း
ဖြစ်ကြောင်း မန္တလေးမှ ပြည်သူသတင်းထောက် တစ်ဦးဖြစ်သည့် နိုင်ကိုဇော် က ပြောသည်။
mandalaymaharmyatmuni
ဆိုင်ခန်းခများကို သုံးဆ တိုးမြှင့်ကောက်ခံ လိုက်ခြင်းကြောင့် ဆိုင်ခန်းပေါင်း ၂၀၀ နီးပါး ပိတ်သိမ်း ဆန္ဒပြ (ဓါတ်ပုံ မဇ္ဈိမ)

“ဘုရားကြီးက ဧပြီလကတည်းက စပြီး ကြေညာချက် ထွက်ထားတာ။ တရားဝင် ကောက်မယ် ဆိုတာတော့ ထွက်လာ ပြီ။ လက်ရှိ အဲလို ကန့်ကွက်မှုတွေ ရှိလာတော့ ပိုက်ဆံသွင်းဖို့ ဘာဖို့ စာထပ်ထွက်မလာသေးဘူး။ အရင်တုန်းက ၃,ဝဝဝ ကောက်တာ အခု ၉,ဝဝဝ ဖြစ်သွားတာ။ ဆိုင်ခန်း လစဉ်ကြေးခတင်နော်။ ဆိုင်ခန်းက ကိုယ်ပိုင် သက်သက် ဝယ်ရတာ။ အဲလိုဝယ်ထားတဲ့ ဟာကိုမှ လစဉ်ကြေး ထပ်ပေးရတာ တလကို ၉,ဝဝဝ နှုန်းပေါ့” ဟု မဇ္ဈိမကို ပြောသည်။

မေလ ၂၇ ရက်နေ့က ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံရေး ကိစ္စနှင့်ပါတ်သက်ပြီး ဂေါပကအဖွဲ့က ခေါ်ယူသည့် အစည်းအဝေးအား ဘုရားကြီးဈေးဆိုင်များမှ မတက်ရောက်ဘဲ စတင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြ ဆိုင်ခန်းများထဲတွင် ဘုရားကြီး အရှေ့စောင်းတန်းနှင့် မြောက်ဘက် စောင်းတန်းမှ အများစုပါဝင်ပြီး နံ့သာပန်းပုရုပ်၊ ကျောက်ဆင်းတုများ ကြေးသွန်းဘုရားများ၊ ဘုရားပန်းအိုး၊ ထီး စသည့် နိဗ္ဗာန်ကုန် ရောင်းသည့် ဆိုင်ခန်းများအပါအဝင် ပလပ်စတစ်လောင်း ဘုရားပုံတော်များ၊ ဘုရားစာများ၊ မုန့်ပဲသရေစာများ ခင်းကျင်းရောင်းချ သည့် ဆိုင်ခန်းငယ်များလည်း ပါဝင်ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဂေါပက အဖွဲ့ရုံးသို့ မဇ္စျိမက ဖုန်းဆက်မေးမြန်းရာတွင် တာဝန်ရှိသူ ဂေါပကအဖွဲ့ဝင် လူကြီးတဦး က ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

မေလ ၂၈ ရက်နေ့အထိ ဂေါပကအဖွဲ့နှင့် ဆိုင်ရှင်များ မရရှိသေးဘဲ ဆိုင်ခန်းများ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။
နေမျိုး-ရန်ကုန် (မဇ္ဈိမ)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger