![]() |
| “ရွှေစည်းခုံ”
ဘုရားကြီး
|
![]() |
| “အောင်မင်္ဂလာ”ဟိုတယ် |
![]() |
| “အောင်မင်္ဂလာ”ဟိုတယ် |
မန္တလေးတိုင်း ပုဂံ-ညောင်ဦးမြို့နယ်ရှိ
တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော “ရွှေစည်းခုံ”
ဘုရားကြီး ပိုင်ဆိုင်သော
“အောင်မင်္ဂလာ”ဟိုတယ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း နှင့်
ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဂေါပကလူကြီးများအား ဖိအားပေးကာ
လေလံကြေးများအား သတ်မှတ်ထားသည့် ကာလအတွင်း
ပေးသွင်းစေခြင်းမရှိဘဲ
ဆက်လက်လုပ်ကိုင်စေလျက်ရှိကြောင်း ညောင်ဦးမြို့ ခံ
တဦးက ပြောပါသည်။
လေလံရရှိသူမှ တစ်လလျှင်
ကျပ်သိန်း(၅၀)ခန့် ပေးသွင်းရမည်ဖြစ်သော်လည်း
သက်ဆိုင်ရာအာဏာပိုင်များ အကူအညီဖြင့်
ဂေါပက အဖွဲ့အား ပေးသွင်းရန်
လေလံကြေးများ ပျက်ကွက်နေသည့် ပမာဏမှာ
ကျပ်သိန်းပေါင်း (၈၀၀)ခန့်
ရှိသည်ဟု သိရပါသည်။
ယခုကဲ့သို့ ကြွေးမြီးများ
ကျန်ရှိနေခြင်းအပေါ် ရွှေစည်းခုံဘုရားဂေါပကလူကြီးများ
အနေဖြင့်လည်း မည်ကဲ့သို့
ဆောင်ရွက်နေသည်ကို ညောင်ဦးသူ/သား များ
အနေဖြင့် မသိရှိရပါ။
သို့ပါသောကြောင့် ရွှေစည်းခုံဘုရားပိုင်
“အောင်မင်္ဂလာ” ဟိုတယ် အား မိမိတို့
ကိုယ်ကျိုးအတွက် မလျော်သြဇာသုံး၍
အသုံးချနေခြင်းအပေါ် ဗုဒ္ဓဘာသာဝင်
ပြည်သူလူထုအားလုံး
သိရှိအကြံပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။




Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။