တက္ကသိုလ်ဝင်အောင်စာရင်း ဇွန်ပထမပတ် ထွက်မည်

Sunday, May 27, 20120 မှတ်ချက်များ


၂၀၁၁-၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန်လပထမပတ်တွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို တစ်နှစ်ထက် တစ်နှစ်ပို၍ စောစီးစွာ ကြေညာရခြင်းမှာ စာမေးပွဲကျရှုံးပြီး ကျောင်းဆက်လက် တက်ရောက်လိုသူများ လာမည့်စာမေးပွဲကို ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် ဖြစ်ကြောင်း မူလတန်းလွန်ကျောင်း တစ်ကျောင်း ၏ ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားသည်။ “စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၃ ရက်နေ့လို့ အထက်က ညွှန်ကြားထားတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁၄) မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအောင်မင်းက ပြောကြားသည်။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို မြန်မာနိုင်ငံ အနှံ့အပြားရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လပထမပတ်အတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆင့်မြင့်ပညာရေး လောကတွင် လာမည့်တက္ကသိုလ် ပညာသင်နှစ်ကို တစ်နှစ် ထပ်မံတိုးမြှင့်မည် ဖြစ်သောကြောင့် ၂၀၁၁-၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသည် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် တက်ရောက်ပါက ပညာသင်နှစ် လေးနှစ် တက်ရောက်ရမည် ဖြစ်ကြောင်း၊ ပြည်တက္ကသိုလ် သမိုင်းဌာန ကထိကတစ်ဦးထံမှ သိရသည်။ ယမန်နှစ် ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို မူလထုတ်ပြန်သည့် ကာလ ထက် နှစ်လခန့်စော၍ ၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger