ဇွန်လကုန်တွင် သတင်းဂျာနယ်များအားလုံးစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည်

Friday, May 18, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0bJdNyMANjEUBouLapi-gLbP_CIfFa8a0VJbcPhRGG0WTkKbW9ChY0tJj2W7jr2wBKe5Imv4zZMgWMFNsKjcUNovR3NAYg_QYwSDWWg5Y67M_ZjN2Mi3weL2ULN_C8ibXtHH8WnKjz0pI/s320/1.jpg
မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာပေစိစစ်ရေး ဆိုင်ရာ မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲလျက်ရှိရာ စတုတ္ထအဆင့်အနေဖြင့် ၂၀၁၂ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှစ၍ အထွေထွေ စာမူများအနက် ဝတ္ထုစာမူများကို ထုတ်/တင်စနစ်ဖြင့် ပြောင်းလဲထုတ်ဝေခွင့်ပြုလိုက်ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ စ၍ သတင်းဂျာနယ်များအားလုံး စိစစ်ရေး ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၂၀၀၈ ခုနှစ်မှ ပြဋ္ဌာန်းချက် အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အပိုင်းပုဒ်မ ၃၅၄ (က) အရ နိုင်ငံသားများအား မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ပေးအပ်ရမည့်အပြင် ယင်းပုဒ်မခွဲ(ဃ) အရ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ပြုရမည်ဖြစ်သောကြောင့် စာပေစိစစ်ရေးမူဝါဒများကို အဆင့်ဆင့်ပြောင်းလဲ ဆောင်ရွက်သွားခြင်းဖြစ်သည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ပြောသည်။ “ အစိုးရသစ် တက်လာချိန်မှာ စာပေလောကနဲ့ ပတ်သက်ပြီး မူဝါဒလေးရပ် ချမှတ်ပေးခဲ့ပါတယ်။ ပုံနှိပ်မီဒီယာတွေကို အခြေခံဥပဒေနဲ့အညီ လွတ်လပ်စွာ ရေးသားနိုင်ခွင့်ပေးဖို့၊ လွတ်လပ်မှုနဲ့အတူ တာဝန်သိတတ်စေရေးအတွက် ရှေ့ဆောင်လမ်းညွှန်ပေးဖို့၊ တာဝန်သိတတ်ရုံမျှမက တာဝန်ယူမှု ရှိစေရေးအတွက် တည့်မတ်ဖော်ဆောင်ပေးဖို့၊ အမျိုးသားအကျိုးစီးပွားကို အခြေခံဆောင်ရွက်စေရေးအတွက် ထိန်းကျောင်းပေးဖို့စတာတွေပါ။ ဖြေလျှော့မှုအဆင့်တွေမှာ အောင်မြင်ခဲ့ပါတယ်” ဟု ဦးမျိုးမြင့်မောင်က ပြောသည်။ ထုတ်ဝေသူနှင့် ပုံနှိပ်သူများလိုက်နာရန် အမှာစာ(၂၆)နှင့် ညွှန်ကြားချက်(၅၀) ထပ်မံထုတ်ပြန်ခဲ့သည်။ “အခုဆိုရင် နိုင်ငံရေးနဲ့ ဘာသာရေးကလွဲရင် ကျန်တဲ့စာမူတွေကို လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုလိုက်ပါပြီ။ ဝတ္ထုစာမူများကို ဒို့တာဝန်အရေးသုံးပါး၊ အခြေခံ ဥပဒေပါ အကြောင်းအရာများကို ဆန့်ကျင်ရေးသားခြင်း၊ တားမြစ်ချက် ထုတ်ထားတဲ့ လျှို့ဝှက်ချက်များကို ရေးသားထုတ်ဝေခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်းသော်လည်းကောင်း၊ တခြား ဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာအောင် ရေးသားခြင်း၊ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပေါ်ပေါက်စေရန် လှုံ့ဆော်ရေးသားခြင်း၊ နိုင်ငံ့ဝန်ထမ်းများ စောင့်သိရမည့် တာဝန်များ ပျက်ပြားစေရန် သွေးဆောင်ဖြားယောင်းခြင်း၊ တိုင်းရင်းသား ဓလေ့ထုံးတမ်းများကို ထိပါးရေးသားခြင်း၊ ဘာသာရေးအရ အတွေးအခေါ်လွဲမှားစေမည့် ကိစ္စများကို ထောက်ခံအားပေး ရေးသားခြင်း၊ ညစ်ညမ်းသောစာ၊ ရုပ်ပုံ၊ ဓာတ်ပုံများရေးသား ထုတ်ဝေခြင်း၊ ရာဇဝတ်မှု ရက်စက်ကြမ်းကြုတ်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးများကို အားပေးလှုံ့ဆော်သည့်စာများ၊ ပြည်သူတစ်ဦးချင်းရဲ့ ပြည်သူပိုင်ဂုဏ်သိက္ခာနှင့် လွတ်လပ်ခွင့်ကို ထိပါးရေးသားခြင်းစသည့် အချက်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger