မြေနီကုန်းဈေး၊ စည်ပင် နှင့် ထူးကုမ္ပဏီ

Tuesday, May 15, 20120 မှတ်ချက်များ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3g9eJv5AnBr6LI0T3EKt3OQwS_EQJv3Yu-6EIGIWPpzYhiqI6mwjcAn5CuTcgdcF7TeqMwwf6mlRxn7aJS8mrxHrjKy85L7yTR_i-BARRaSTfIMK06lH97KtajHTmg7nJr-7shKp0dRA/s400/522306_383047468413670_383035775081506_1095076_739425031_n.jpg

လွန်ခဲ့သော ၁၉၆၂ ခုနှစ်မှ မြေနီကုန်းရပ်ကွက်အတွင်း ဂရမ်အမည်ပေါက်ဖြင့် တရားဝင် အခွန်အခများ ကြေပွန်စွာ ထမ်းဆောင် ခဲ့သည့် ဦးဝိစာရလမ်းပေါ်ရှိ မြေနီကုန်းဈေးအား ပိုမိုကောင်းမွန်စေရန်၊ ပြုပြင် ဆောက်လုပ်ရန်လိုအပ်ပါသည် ဟူသောအကြောင်းပြချက်ဖြင့် ဈေးသူဈေးသားများ၏ ဆန္ဒမပါဘဲ ၁၉၉၅ ခု မတ်လ ၂၅ ရက်နေ့တွင် ယခုသံလွင်ဈေး နေရာသို့ ယာယီ ပြောင်းရွှေ့ နေရာချထားခဲ့ခြင်းကိုခံခဲ့ရသည်။

ဈေးသစ်တည်ဆောက်ရာတွင် ၃ နှစ်ခန့် အချိန်ယူကာ တည်ဆောက်ရမည်ဖြစ်ပြီး မှတ်ပုံတင်ဆိုင်ခန်း များနှင့် ပျံကျကဒ်ရရှိထားသည့်ဆိုင်းခန်းပိုင်ရှင်များ အနေဖြင့် ငွေပေးသွင်းစရာမလိုဘဲ မြေညီထပ်တွင် ပြန်လည်နေရာချထားပေးမည့်အကြောင်း ထိုစဉ်က ဈေးများဌာနမှုးနှင့် အနောက်ပိုင်းခရိုင်မှုးတို့က ပြောကြားခဲ့သည်။

ယခုအခါ ဈေးများဌာနမှ တာဝန်ရှိသူ ဦးချိုထွန်းအောင်က လက်ရှိ ယာယီဈေးဟု သတ်မှတ်ထားသည့် သံလွင်ဈေး နေရာရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ရန် ဈေးသူဈေးသားများအား ခေါ်ယူညှိုနှိုင်းခဲ့သည်။

ဈေးသူဈေးသားများက လွန်ခဲ့သည့် ၁၇ နှစ် စည်ပင်လူကြီးများ၏ ကတိအတိုင်း မြေနီကုန်း ဈေးဟောင်းနေရာတွင်ပင် ပြန်လည်တည်ဆောက်ပေးစေလိုကြောင်း၊ ယခုသံလွင်ဈေးနေရာသည် အရောင်း အဝယ် အဆင်မပြေကြောင်း၊ ၁၇ နှစ်ကျော် ပင်ပန်း ဆင်းရဲခံပြီး စောင့်ဆိုင်းခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။

ဦးချိုထွန်းအောင်က ယခုအခါ မြေညီကုန်းဈေးဟောင်းနေရာသည် ထူးကုမ္ပဏီက ပိုင်သွားပြီဖြစ်ကြောင်း၊ ဒီကိစ္စကို အတွင်းရေးမှုး (၁) လုပ်သွားတာဖြစ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။

ဈေးသူဈေးသားများက ကျေနပ်မှုမုရှိသဖြင့် ဧပြီလ ၉ ရက်နေ့တွင် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ လက်မှတ်ထိုးပြီး ဖြစ်စဉ်များကို တင်ပြခဲ့သည်။ မိတ္တူကို ဦးမြင့်ဆွေ ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီး ၊ ဦးလှမြင့် မြို့တော်ဝန် ၊ဦးချိုထွန်းအောင် ဈေးများ ဌာနမှုး တို့ထံ ပေးပို့ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး ၁၂.၅.၂၀၁၂ နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်သည် ဈေးသူဈေးသားများ၏ဖိတ်ကြားချက်အရ သံလွင်ဈေးသို့ သွားရောက်ခဲ့ပြီး ဈေးသူဈေးသားများနှင့်တွေ့ဆုံကာ လိုအပ်သည့်အချက်အလက်များ မေးမြန်းစုံစမ်းခဲ့သည်။

ထို့နောက် ဈေးသူဈေးသားများ၏ တင်ပြချက်အပေါ် သုံးသပ်ကာ နိုင်ငံတော်သမ္မ ထံ အချက်အလက်အထောက်အထား အပြည့်အစုံဖြင့် တင်ပြနိုင်ရန်စီစဉ် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirKyUuAq99Y89G2Sykg0VowY04BzyIsXAhTLzLIOMbJ3Mk24vC2iVcrP22w7p38LTB_jnvzXoj-nCNN-Kh9kEo7kwkT9YKVdRSz71zU7D3PX8ZoImJMy8NaXJcTtajgww3G-zGBvlKBBE/s400/401684_383052491746501_383035775081506_1095086_1929423080_n.jpg

(မှတ်ချက် ၁၇ နှစ်ကြာကာလ အတွင်း မြေနီကုန်းဈေး နေရာသည် ယခုအချိန်ထိ တည်ဆောက်ခြင်း မရှိဘဲ သွပ်ပြားများဖြင့် ကာရံထားပြီး အတွင်းတွင် အဆောက်အဦး ငယ် တစ်လုံးသာ ဆောက်လုပ်ထားသည်ကို တွေ့ရှိရပါသည်။)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger