ပါဝင်သောပစ္စည်း အာလူး
ဂျုံမှုန့်
ပြောင်းဖူးမှုန့်
ကြက်သွန်နီ/ဖြူမှုန့်
ငရုတ်ကောင်းမှုန့်
ဆား
ကြက်ဥ
ကြက်သွန်မြိတ်
ပြုလုပ်ပုံအဆင့်ဆင့်
အာလူးကိုအခွံမသင်ဘဲ အလုံးလိုက် ရေဆေးပြီး အရွယ်တော်အချောင်း လေးတွေရအောင်လှီးပါ။ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်သွန်နီ/ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ကြက်ဥတို့ကို ရေ အနည်းငယ်စီရောပြီး အမှုန့်တွေခဲမနေအောင် ဖြည်းဖြည်းချင်းနယ်ပေးပါ။ ကြက်သွန်မြိတ်ကို အရွယ်တော်လေးတွေ လှီးဖြတ်ထားပါ။
အာလူးကြော်ဖို့အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် အာလူးကို မုန့် နှစ်မှာနှစ်ပြီးကြော်ပါ။ အာလူးတွေ ရွှေအိုရောင်ပြောင်းရင် အိုးထဲက ဆယ်ပြီး ပန်းကန်ထဲ ထည့်ပါ။ တည်ခင်းဖို့အတွက် အာလူးကြော်ပူပူနွေးနွေးပေါ် ခရမ်းချဉ်သီး ဆော့စ်နဲ့ မရောနိဆမ်းပြီး ကြက်သွန်မြိတ်လေး ဖြူးလိုက်ပါ။
Ref : Myanmar Times

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။