ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် မြေတစ်ဧက ကျပ်သိန်း(၁၀၀)အထိ မြင့်တတ်

Wednesday, May 23, 20120 မှတ်ချက်များ

မီးရရှိရေးဆောက်ရွက်ချက်များ၊ စက်ရုံစီမံကိန်းမျာကြောင့် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ မြေဈေးများ နှစ်ဆနီးပါး မြင့်တက်လာပြီး၊ မြေတစ်ဧကလျင် ကျပ်သိန်း(၁၀၀)၀န်းကျင်သို့ရောက်ရှိလာကြောင်း ဒေသခံပြည်သူများထံက သိရသည်။

“မေလအတွင်းမှာ မြေဈေးတွေ သိသိသာသာတက်လာတယ်။ ပြင်ဦးလွင်က အိမ်ခြံမြေဈေး အရမ်းကြီးတော့ ဒီဘက်ကို အာရုံစိုက်လာကြတယ်”ဟု ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် မြေဝယ်ယူထားသော ဒေါက်တာစိန်စိန်သိန်းက ပြောသည်။

ဧပြီလကုန်ရက်ပိုင်းမှ စတင်ကာ ရန်ကုန်နှင့်မန္တလေးမှ လူများသည် အဆမတန်မြင့်တက်နေသော ပြင်ဦးလွင် မြေဈေးကြောင့် ပြင်ဦးလွင်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသော နောင်ချိုမြို့နယ်၊ နောင်ပိန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်အထိ လမ်းဘေးဝဲယာ မြေကွက်များကို ဈေးကောင်းပေး၍ အလုအယက်ဈေးကောင်းပေး၍ လိုက်လံဝယ်ယူမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သွားသော ဒေသများတွင်လည်း ယခင်က သတ်မှတ်ထား သည့် ဓါတ်ငွေ့ပိုင်လိုင်းနှင့် ပေ(၆၀)အတွင်း အိမ်မဆောက်ရဟူသော ပြဌာန်းချက်သည်လည်း ပျက်ပြယ်သွားပြီ ဖြစ်သောကြောင့် မြေများပြန်လည်အဝယ်လိုက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

ကျောက်မဲမြို့နယ်နှင့် အနီးအနားပတ်ဝန်းကျင် ဒေသများတွင်လည်း မေလအတွင်း အဝယ်လိုက်လာကြောင်း နှင့် အဆိုပါမြို့နယ်နှင့် (၇)မိုင်ဝေးသော စခန်းသာကျေးရွာ၊ ဆယ်မိုင်ကွာဝေးသော ခဲမွန်းကျေးရွာ၊ (၁၆)မိုင် ကွာဝေးသော ဇီးပင်စခန်းတို့တွင်လည်း မြေတစ်ဧကလျှင် ကျပ်သိန်း(၁၀၀)နှင့်အထက် အရောင်းအဝယ်ဖြစ် နေသည်ဟု သိရသည်။

အဆိုပါဒေသများတွင် မီးလင်းရေးကော်မတီ၏ ဆောက်ရွက်ချက်အရ လျှပ်စစ်မီးမကြာခင်ကာလအတွင်းရရှိ တော့မည်ဖြစ်သည့်အတွက် မီတာတစ်လုံးလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးလျက်ရှိနေကြောင်း သိရသည်။ လျှပ်စစ်မီး ရရှိရေးဆောက်ရွက်မှုများကြောင့် မကြာမီကာလအတွင်း လျှပ်စစ်မီးရရှိလာတော့မည်ဖြစ်၍ လျှပ်စစ်မီးရရှိလာပါက မြေဈေးနှုန်းများထပ်မံတက်လာနိုင်သောကြောင့် မြေ၀ယ်ယူမှုများလာခြင်းဖြစ်သည်။

“အဓိကကတော့ လျှပ်စီးမီးရတော့မယ်ဆိုတာနဲ့ အဝယ်လိုက်တာပါ။ အခြားနေရာတွေလည်း မီးရလာမယ်ဆိုရင် သူ့နေရာနဲ့သူ ဈေးရလာမှာပါ”ဟု ကောင်းသန့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းမှ ကိုသက်မိုးကဆိုသည်။

လက်ရှိ အရောင်းအဝယ်လိုက်၍ဈေးကောင်းပေးဝယ်နေသော မြေကွက်များသည် ၂၀၁၁ခုနှစ် သင်္ကြန်ကာလ နောက်ပိုင်းအချိန်က မြေတစ်ဧကလျှင် ကျပ်သိန်း (၅၀) ဝန်းကျင်အတွင်း၌သာ ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ဆန်းပိုင်းက အဆိုပါနေရာများတွင် မြေတစ်ဧကလျှင် ကျပ်သိန်း(၅၀)ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းနှင့် မေလသို့ ရောက်သည့်အခါ အဆိုပါနေရာများတွင် မြေတစ်ဧကလျှင် ကျပ်သိန်း(၁၀၀)ကျော်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသခံ အိမ်/မြေအကျိုးဆောင်များထံက သိရှိရသည်။
ရန်နိုင်(မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger