ကချင်ဒုက္ခသည် စခန်းအချို့တွင် တိုက်ပွဲများကြောင့် လူဦးရေထပ်တိုး

Tuesday, May 15, 20120 မှတ်ချက်များ

http://www.yoyarlay.com/images/yyl/2012/5/12/7days_12_1.jpg

ကချင်ဒုက္ခသည် စခန်းအချို့တွင် တိုက်ပွဲများကြောင့် လူဦးရေထပ်တိုးသင်္ကြန် မတိုင်မီ ရက်များမှစတင်ကာ ကချင်ပြည်နယ်တွင်းနေရာ အချို့ တွင်မြန်မာ့တပ်မတော် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည့်အတွက် နေရပ်စွန့်ခွာထွက်ပြေးသူများ ထပ်မံ ရှိခဲ့ပြီး စစ်ဘေးဒုက္ခသည် စခန်းအချို့တွင် လူဦးရေထပ်မံတိုး ပွားခဲ့ကြောင်း ကချင်စစ်ဘေးဒုက္ခသည် စခန်းများနှင့် အကူအညီပေး နေသူများထံမှ သိရသည်။

ဝိုင်းမော်မြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးသော ဆဒုံးမြို့တွင် အနီးအနား ရွာများမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများမှာ သင်္ကြန် ကာလအတွင်း ၆၀ဝ ကျော်ရှိပြီး အိမ်ထောင်စုအားဖြင့်ဆိုလျှင် အိမ်ထောင်စု ၁၀၅စုရှိကြောင်း ဒုက္ခသည်များကို အကူအညီပေး နေသည့် အဖွဲ့အစည်းများက ပြောသည်။

ဝိုင်းမော်မြို့ပေါ်ရှိ လူဦးရေ များသော စခန်းတစ်ခုဖြစ်သည့် ဝိုင်းမော်နှစ်ခြင်း ဒုက္ခသည်စခန်း တွင် သင်္ကြန်ကာလအတွင်း လူ ၈၀ ကျော် တိုးလာပြီး ဝိုင်းမော် မြို့နယ်အတွင်းရှိ မလန်းယန်၊ ဒဘတ် ယန်၊ ကဇူး၊ ဂါးရာယန်၊ နမ်ဆန် ယန် စသည့်ရွာများမှ ထွက်ပြေး တိမ်းရှောင်လာသူများဖြစ်သည် ဟု စခန်းတာဝန် ရှိသူ များက ပြောကြားသည်။

သင်္ကြန်ကာလမတိုင်မီက ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များ အတွင်းရှိ နေရာအတော်များများ တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသဖြင့် ထိုနေရာများ အ နီးတွင်နေထိုင်သူ များမှနေရပ်ကို စွန့်ခွာထွက်ပြေးလာကြသည်။ ယခင်က ကချင်ပြည်နယ် အတွင်းတွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ခု နစ်သောင်းကျော်ရှိ သည်ဟု ခန့်မှန်းထားကြပြီး ယခု ဆက်လက်ဖြစ်ပွား နေသောတိုက် ပွဲများကြောင့် ရှစ်သောင်းနီးပါး အထိရှိလာနိုင်ကြောင်း ကချင် ပြည် နယ်အတွင်း အကူအညီပေး ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ များက ခန့်မှန်းနေကြသည်။ ကချင်ပြည်နယ်တွင်မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတို့ အ ကြားတိုက်ပွဲများမှာ ၂၀၁၁ ဇွန် လ ၉ ရက်ကစတင်ခဲ့ပြီး ယခုဆိုလျှင် ၁၀ လတာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger