ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်

Friday, May 11, 20120 မှတ်ချက်များ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုးရာသီအတွက် စတင် ထွန်ယက်ခဲ့ကြပါတယ်။

ရွှေနံ့သာကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှုတည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင်လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ဒီပဋိပက္ခကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အိုးအိမ်ဦးစီးဌာနအထိ တင်ပြ တိုင်တန်းခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်ဦးစီးဌာနက… ဒီလယ်မြေတွေဟာ စက်မှုဇုံ အဖြစ် သတ်မှတ်ထားတဲ့မြေ မဟုတ်ဘဲ လယ်ယာမြေအဖြစ်သာ စာရင်းပေါက်နေတယ် ဆိုပြီး လယ်သမားတွေကို အကြောင်းပြန်ခဲ့တယ်လို့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။

သိမ်းယူထားတဲ့ မြေပေါ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေ
စောင့်ကြပ်ပြီး မြေထိုးစက်တွေနဲ့ မြေညှိ၊ မြေပြင်တာတွေ လုပ်နေတဲ့အပေါ် မြေအသိမ်းခံ လယ်သမားတွေက မခံမရပ်နိုင် ဖြစ်ပြီး သူတို့ပိုင် လယ်မြေတွေမှာ အခုလို စုပေါင်း ထွန်ယက်ခဲ့ကြတာ ဖြစ်ပါတယ်။
RFA-Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger