ဗိုလ်ချုပ်မှုးကြီးရဟတ်ယာဉ်ရပ်ရန်အသုံးပြုခံခဲ့ရသည့် လယ်ယာမြေများလျော်ကြေးမရသေး

Sunday, May 20, 20120 မှတ်ချက်များ

မန္တလေး မေ(၁၉)ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင် ၂၀၁၀ ခုနှစ်ဧပြီလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေလာရောက်စဉ် ရဟတ်ယာဉ်ရပ်နားရန် ခေတ္တအသုံးပြုခဲ့သာ လယ်ယာမြေ ၀.၄၃ဧက အတွက် လျော်ကြေးမရရှိသေးကြောင်း သတင်းရရှိသည်။
“ ရပ်ကွက်က လူကြီးတွေက ခဏပါဆိုလို့ ပေးဌားလိုက်တာ။ ဗိုလ်ချုပ်မှူးကြီးလာပြီးသွားတော့လည်း မြေကိုပြန်မပေးဘူး။ ဒါနဲ့ ညှိုနှိုင်းပေးဖို့တောင်းဆိုတော့ ၂၀၁၁ခုနှစ် တစ်လပိုင်း လေးရက်နေ့မှာ စက်ရုံမှူးတို့ ရပ်ကွက်ဥက္ကဌတို့ ရပ်မိရပ်ဖတွေက ညှိုနှိုင်းပေးပြီး လျော်ကြေးငွေ ဆယ့်တစ်သိန်း( ၁၁သိန်း)ကို စက်ရုံမှူးကနေ ရရှိအောင်ဆောင်ရွက်ပေးရန် ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် ခု တစ်နှစ်ခွဲလောက်ရှိလာတာတောင် လျော်ကြေးမရသေးပါဘူး”ဟု အဆိုပါ လယ်ယာမြေပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်၏ သမီး မခင်မျိုးဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)သည် ထိုအချိန်က ကျောက်ဆည်မြို့နယ် မင်းစုကျေးရွာတွင်ရှိသော ဆေးဝါးစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ တို့ထံ ရဟတ်ယာဉ်ဖြင့် လာရောက်လျှင် ဆင်းသက်ရန်အတွက် အဆိုပါကျေးရွာတွင် ရှိသော စက်ရုံအနီးနားရှိ လယ်မြေကွက်ကို ခေတ္တအသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။
7Day News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger