![]() |
| ဓါတ်ပုံ-Katha Town ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ က မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း |
ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။